Main menu

Background

မကွေးတိုင်းဒေသကြီးတွင် စပါး၊ ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိ

Mon, 07/01/2024 - 12:28 -- journal_editor

မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ် ၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ တင်သွင်းသည်။ မကွေးတိုင်းဒေသကြီးအတွင်း မကွေးခရိုင်  မြို့သစ်၊  တောင်တွင်းကြီးနှင့်  မင်းဘူးခရိုင် မင်းဘူး၊ ပွင့်ဖြူ၊ စလင်းတို့တွင် ဧရာပဒေသာစပါးကိုအဓိက စိုက်ပျိုးကြပြီး ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး ဈေးနှုန်းမှာ ဧရာပဒေသာတစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၀ဝ၀ဝ၊ ရတနာတိုး ကျပ် ၇၅၀ဝ၀၊ မင်းဘူး ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၀ဝ၀ဝ၊ သရက်ခရိုင်တွင် ပေါ် ဆန်းမွှေး ကျပ်  ၁၄၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၂၂၀ဝ၀၊ မနောသုခ ကျပ် ၈၃၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၄၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၂၀ဝ၀၊ မနောသုခ ကျပ် ၈၃၀ဝ၀၊ ရတနာတိုး ကျပ် ၈၀ဝ၀ဝ၊ ချောက်ခရိုင်တွင် ပေါ်ဆန်း မွှေး ကျပ် ၁၃၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၅၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၀ဝ၀ဝ၊  ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်  ၁၃၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၄၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၅၀ဝ၀ဝ၊ မနောသုခ ကျပ် ၉၀ဝ၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။
ဇွန်လ တတိယပတ်နှင့် စတုတ္ထပတ်တို့ နှိုင်းယှဉ်ပါက စပါး  ဧရာပဒေသာတစ်တင်းလျှင် ကျပ် ၃၀ဝ၀ ဈေးလျော့ ကြောင်း၊ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၅၀ဝ၀ဝ၊ ဧရာ ပဒေသာ ကျပ် ၃၅၀ဝ၀၊ မနောသုခ ကျပ်  ၃၀ဝ၀ဝ၊ မင်းဘူး ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၇၀ဝ၀၊ မနောသုခ ကျပ် ၂၀ဝ၀ဝ၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၂၀ဝ၀ဝ၊ မနောသုခ ကျပ် ၁၁၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၃၅၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၃၇၈၀ဝ၊ ဧရာပဒေသာ ကျပ် ၂၀ဝ၀ဝ၊ မနောသုခ ကျပ် ၁၆၀ဝ၀၊  ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀၊ ဧရာ ပဒေသာ ကျပ် ၁၀ဝ၀ဝ၊ မနောသုခ ကျပ် ၁၅၀ဝ၀၊ ဂန့်ဂေါ ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၂၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၀ဝ၀ဝ၊ မနောသုခ  ကျပ် ၁၀ဝ၀ဝ  ဈေးနှုန်း ကျဆင်းလာ ကြောင်း သိရသည်။ 
မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဇွန် ၁ ရက်မှ ၂၅ ရက်အတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီး ဝင်မှုမှာ  ဧရာဝတီတိုင်းဒေသကြီးမှ ဆန် ၂၃၇၂၉ အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန် ၃၆၅ အိတ်၊  ရန်ကုန်တိုင်း ဒေသကြီးမှ ဆန် ၁၁၂၅ အိတ်၊  ပဲခူးတိုင်းဒေသကြီးမှ ဆန် ၁၂၃၀၊ စုစုပေါင်းဆန်  ၂၆၄၄၉ အိတ်၊  ၁၃၂၂ ဒသမ ၄၅ တန်ဖြစ်ကြောင်း သိရသည်။ 

 

ရဲမင်းသာ(မကွေး)