Main menu

Background

မိုးညှင်းပဲပုပ် ဈေးကွက်အခြေအနေ

Mon, 07/01/2024 - 12:34 -- journal_editor

ကချင်ပြည်နယ် မိုးညှင်းခရိုင်သည် မိုးစပါး စိုက်ပျိုးရိတ်သိမ်းပြီးသည်နှင့်   သီးထပ်သီးညှပ် အဖြစ် ပဲပုပ်ကို အဓိကထားစိုက်ပျိုးသော ဒေသ တစ်ခုဖြစ်ပြီး ဈေးကွက်တွင်လည်း မိုးညှင်းပဲပုပ် သည် နေရာရလျက်ရှိသော သီးနှံတစ်ခုဖြစ်သည်။ ယခင်က မိုးညှင်းပဲပုပ်သည် ဈေးကွက်တွင် လူသိ နည်းသော်လည်း ၂၀၁၇ ခုနှစ် တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပဲပုပ်ကဏ္ဍတွင် ပါဝင်ပတ်သက်သူများ၏ အလုပ်ရုံ ဆွေးနွေးပွဲကို  မိုးညှင်းမြို့နယ်ကိုယ်စားပြု ငါးဦး တက်ရောက်ဆွေးနွေးခြင်း၊ ၂၀၁၈ ခုနှစ် နေပြည် တော်တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (့ငြ်္ဃဃှု)၏ အလုပ်ရုံဆွေးနွေးပွဲသို့ ကချင် ပြည်နယ်စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် မိုးညှင်း မြို့နယ်ကိုယ်စားပြု  သုံးဦးတို့ တက်ရောက်ဆွေး နွေးခြင်းဖြင့် ဈေးကွက်တွင် မိုးညှင်းပဲပုပ်ဟု ဈေး ကွက်တစ်ခုအနေဖြင့် သီးခြားရပ်တည်နိုင်ခဲ့သည်။
 ပဲပုပ်ကို ဆောင်းသီးနှံအဖြစ် အောက်တို ဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးကြပြီး ဧပြီလ နှင့် မေလတွင် ရိတ်သိမ်းကြသည်။ မိုးညှင်းခရိုင် အတွင်း   အဓိကစိုက်ပျိုးသော  ပဲပုပ်မျိုးများမှာ ရေဆင်း-၁၄၊ ရေဆင်း-၁၅  မျိုးများဖြစ်သည်။ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးညှင်းခရိုင်တွင် ပဲပုပ် ၁၃၆၈၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက် တင်း ၂၆၀ဝ၉၁ တင်း ထွက်ရှိခဲ့ပြီး နှစ်စဉ် ပဲပုပ်စိုက်ပျိုး ဧက တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 
မိုးညှင်းပဲပုပ်ကို ဒေသတွင်း ပဲငါးပိ၊ ပဲငါးပိ ခြောက်ပြား၊ ဆီတို့ဟူး၊ တို့ဟူးဖြူ(ပဲပြား) စသည့်  စားသောက်ဖွယ်ရာများပြုလုပ်ဖြန့်ဖြူး ရောင်းချကြ သလို ပဲပုပ်ဆီအဖြစ် ကြိတ်ခွဲ ရောင်းချလျက်ရှိ သည်။ ပဲပုပ်ဆီ ကြိတ်ခွဲရာတွင် ပဲပုပ် ၁၈ ပိဿာ (တစ်တင်း)လျှင် ပဲပုပ်ဆီ နှစ်ပိဿာ ၂၅ ကျပ်သား၊ ပဲပုပ်ဖတ်  ၁၄ ပိဿာ - ၁၅ ပိဿာခန့် ထွက်ရှိ ကြောင်း၊ ယခုလက်ရှိ ဈေးနှုန်းအနေဖြင့် ပဲပုပ်ဆီ တစ်ပိဿာ လျှင် ကျပ် ၁၃၀ဝ၀၊ ပဲပုပ်ဖတ် တစ် ပိဿာလျှင် ကျပ် ၃၅၅၀ ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း၊ ပဲပုပ်ဆီကို  ဒေသတွင်းစားသုံးရန် ဖြန့်ဖြူးရောင်းချပြီး   ပဲပုပ်ဖတ်ကို ဒေသတွင်း တိရစ္ဆာန်အစာအဖြစ် ရောင်းချကာ မန္တလေးသို့ လည်း တင်ပို့ရောင်းချကြသည်။ 
 မိုးညှင်း   ပဲပုပ်ဈေးကွက်  အခြေအနေမှာ ပဲပုပ်ပေါ်စတွင် ၁၈ ပိဿာ (တစ်တင်း)လျှင် ကျပ် ၅၅၀ဝ၀ ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့သော်လည်း ယခု ဇွန်လ တတိယပတ်တွင် ၁၈ ပိဿာ (တစ်တင်း) လျှင် ကျပ် ၇၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ မန္တလေးဈေးကွက်အနေဖြင့် ပဲပုပ် ၅၃ ဒသမ၂၅ ပိဿာ (သုံးတင်း) တစ် အိတ် လျှင်  ကျပ် ၂၂၀ဝ၀ဝ ဖြင့်  ဈေးဖွင့်ဝယ်ယူလျက်ရှိကြောင်း၊ ဝယ်ယူရရှိသော  ပဲပုပ်များကို ကုန်သည်များက မန္တလေးမြို့ပွဲရုံ၊ ပဲပုပ်ဆီစက်ရုံ၊ ရွှေဘိုမြို့ တိရစ္ဆာန် အစာ (ကြက်၊ ငါး)လုပ်ငန်းများ၊     ရန်ကုန်မြို့ ရွှေပေါက်ကံစက်မှုဇုန် ပဲပြားစက်ရုံသို့ တင်ပို့ လျက် ရှိကြောင်း သိရသည်။  မိုးညှင်းမှ မန္တလေးသို့ ကား တင်ပို့ခ   တစ်ပိဿာလျှင် ၁၇၅  ကျပ် ပေးချေရ ကြောင်း၊ လမ်းခရီးအခြေအနေအရ ကားတင်ပို့ခ အပြောင်းအလဲရှိနိုင်ကြောင်း၊  ယခုအချိန်တွင် ပဲပုပ်စိုက်တောင်သူများလက်တွင် လက်ကျန်မရှိ သလောက် နည်းပါးသွားပြီဖြစ်ကြောင်း  ပဲပုပ် ကုန်သည်လုပ်ငန်းရှင်ထံမှ သိရသည်။
မိုးညှင်းပဲပုပ်သည် ဈေးကွက်တွင် နာမည်ရ  သီးနှံဖြစ်သည်နှင့်အညီ ဈေးကွက်ခိုင်မာစွာ ရရှိ ရေးအတွက် မိုးမြင့်ကြယ် ပဲပုပ်အသင်းနှင့် မိုးညှင်း စိုက်ပျိုးရေးသုတေသနခြံတို့    ပူးပေါင်း၍ မျိုး ကောင်း မျိုးသန့်များရရှိရေး၊ အထွက်ကောင်းနှင့် အရည်အသွေးကောင်းမွန်သည့် ပဲပုပ်များ ထွက် ရှိရေး  နည်းပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊  ပဲပုပ်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် အကျိုးအမြတ် ဖြစ်ထွန်း သည့် သီးနှံဖြစ်သည့်အတွက် နှစ်စဉ်  ဧက တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

စွဲ့ဇင်မာဖွေး(မိုးညှင်း)