Main menu

Background

သုံးလအတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော်ဝင်ရောက်

Tue, 08/06/2024 - 14:38 -- journal_editor

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၏  သုံးလအတွင်း  ပြည်ပနိုင်ငံများ၏ နိုင်ငံခြား  တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ဝင်ရောက်   ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန DICA) မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ 
ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ((FDI)) အမေရိ ကန်ဒေါ်လာ ၁၄၇ သန်း ဝင်ရောက်ထားပြီး ယခုနှစ် အတွင်း   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၉ ခုထိ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးခဲ့သည်။ 
ပြည်တွင်းသို့‌ စင်ကာပူ၊ တရုတ် နှင့်    အင်ဒိုနီးရှား  စသည့်နိုင်ငံများမှ နိုင်ငံခြား     တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားပြီး ယင်းသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင် ရောက်ရာတွင် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးကဏ္ဍမှ  (FDI) အများဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ    အမေရိကန် ဒေါ်လာ ၈၂ သန်း၊  ဒုတိယနေရာတွင် စက်မှုကုန်ချောကဏ္ဍမှ  အမေရိကန် ဒေါ်လာ ၆၄ သန်းဖြင့်  လည်းကောင်း၊ တတိယနေရာတွင် မွေးမြူရေးနှင့် ရေ လုပ်ငန်းမှ     အမေရိကန်ဒေါ်လာ တစ်သန်းဖြင့်လည်းကောင်း  အသီးသီး ဝင်‌ရောက်ခဲ့ကြောင်း သိရသည်။

 

ကိုတိုး