Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Tue, 12/03/2024 - 15:18 -- journal_editor

ဘိလပ်မြေ
မော်လမြိုင်မြို့၌ နိုဝင်ဘာလစတုတ္ထပတ်တွင်  ဘိလပ်မြေဈေးကွက်မှာ  အရောင်းအဝယ်ပုံမှန် ရှိနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်တွင်း အရောင်းအဝယ် ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုတစ်ပတ်တွင်  ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၅၅၀ဝ၊ ကြံ့တံဆိပ် (အပြာ)ကျပ် ၁၃၅၀ဝ၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၁၃၅၀ဝ ဖြင့်   အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌        ဓာတ်မြေသြဇာနှင့်  ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် ပုံမှန်ရှိနေကာ ဈေးနှုန်းတည်ငြိမ်နေ ကြောင်း သိရှိရသည်။

ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
နိုဝင်ဘာလစတုတ္ထပတ်တွင်  ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်) 15:15:15 50kgပါ တစ်အိတ်လျှင် ကျပ် ၁၆၂၀ဝ၀၊ ကွန်ပေါင်း20:12:12 50kg  ပါတစ်အိတ်လျှင် ကျပ် ၁၆၈၀ဝ၀၊ ကွန်ပေါင်း Thai Grow How) 15:15:15 50kg ပါ တစ်အိတ်လျှင် ကျပ် ၂၂၀ဝ၀ဝ၊ ပုလဲ(အသေး) ၄၆%  မြန်မာ MPE) 50kg ပါ တစ်အိတ်လျှင်  ကျပ် ၇၂၀ဝ၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg  ပါတစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ပုလဲအသေး တစ်ရုပ် (ရွှေတောင်) 50kg ပါတစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ ပိုတက် (အာမို) 50kg ပါတစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ပိုသတ်ဆေး အမျိုးအစား ဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100ccတစ်ပုလင်းလျှင်  ကျပ် ၅၆၀ဝ၊ မာလာမြိုင် ဆိုက်ပါ ၁၀%(သီးရွက်စုံ) 500cc တစ်ပုလင်းလျှင် ကျပ်  ၂၀၅၀ဝ၊ အဆီဖိတ်(ခရု)မြန်မာ့သြဘာ 500g တစ်ထုပ်လျှင် ကျပ် ၃၈၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။ 

ရော်ဘာ
မွန်ပြည်နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧက  ၅၀၆၃၇၅၊ အစေးလှီးဧက ၃၇၁၉၆၄ ဧက၊ အထွက်စုစုပေါင်း နိုဝင်ဘာလလယ်တွင် ပေါင် ၁၀၁၆၅၆၆၈၀ ရှိကြောင်း သိရှိရ သည်။ မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ် စဉ် အရောင်းအဝယ် ပုံမှန်ရှိ နေသည်။  ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင်RSS-3တစ်ပေါင်လျှင် ကျပ်  ၃၅၀ဝ၊ RSS-5  တစ် ပေါင်လျှင် ကျပ်၃၃၀ဝ ရှိခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်ထိ ဈေးနှုန်းမှာRSS-3 တစ်ပေါင်လျှင် ကျပ် ၂၉၅၀၊ RSS-5 တစ်ပေါင်လျှင် ကျပ်၂၇၀ဝ ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ်၅၀ ခန့် ဈေးနှုန်းကျဆင်းလာပြီး ယခင် နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ်၁၃၀ဝခန့် ဈေးနှုန်းတက်လာခဲ့သည်။  
မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ 50)kg ပါ တစ်ထုပ်လျှင် ကျပ်၂၆၀ဝ၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၅၂၀ဝ၀ ဖြင့်လည်းကောင်း  မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ သယ်ယူခ နှုန်းထားမှာ (50)kg ပါတစ်ထုပ်လျှင် ကျပ် ၄၀ဝ၀၊ ရော်ဘာတစ်တန်လျှင် ကျပ် ၈၀ဝ၀ဝ  ဖြင့် သယ်ယူ ပို့ဆောင်ပေးရကြောင်း ကုန်သည်များထံမှသိရှိရသည်။  

 

အောင်မြင့်မြတ် (မွန်)                                

 

 အောင်မြင့်မြတ်(မွန်)