ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပုဇွန် တောင်ဈေးအတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းများဖြစ် သော ဆန်ကြမ်း /ဆန်ချော အမျိုးအစားများအလိုက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၀ဝ၀ မှ ၃၈၀ဝ ထိ၊ ငစိန်တစ်ပြည်လျှင် ကျပ် ၂၇၀ဝ မှ ၂၈၀ဝ ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၂၀ဝ မှ ၃၅၀ဝ ထိ၊ ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၅၀ဝ၊ ပုသိမ်ပေါ်ဆန်းတစ်ပြည် လျှင် ကျပ် ၅၆၀ဝ၊ ဖျာပုံ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၅၀ဝ၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်ပြည်လျှင် ကျပ် ၆၈၀ဝ လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
အလားတူ စားဖိုဆောင်သုံးစားသောက်ကုန်များတွင် ဆီ(စားအုန်းဆီ) တစ်ပိဿာ ကျပ် ၇၇၀ဝ၊ ပဲဆီတစ်ပိဿာ ကျပ် ၁၉၀ဝ၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၅၂၀ဝ၊ ကြက် သွန်ဖြူ (ရှမ်း)တစ်ပိဿာ ကျပ် ၂၂၀ဝ၀ ၊ (အမြွှာ) တစ်ပိဿာ ကျပ် ၂၃၀ဝ၀ ၊ (ဥတစ်လုံး) တစ်ပိဿာ ကျပ် ၂၅၀ဝ၀ တို့ဖြစ် ပြီး အာလူးတစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၊ နနွင်းမှုန့်တစ်ပိဿာ ကျပ် ၁၄၀ဝ၀၊ နနွင်းတက်တစ်ပိဿာ ကျပ် ၈၀ဝ၀၊ အိုင်အိုဒင်း ဆားတစ်ထုပ် ကျပ် ၁၀ဝ၀၊ ရိုးရိုးဆားတစ်ထုပ် ကျပ် ၅၀ဝ၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ မှ ၁၂၀ဝ၀၊ ငရုတ်တောင့်(ရှည်) တစ်ပိဿာ ကျပ် ၁၅၀ဝ၀မှ ၂၀ဝ၀ဝ၊ ငရုတ်တောင့်(ပု) တစ်ပိဿာ ကျပ် ၁၇၀ဝ၀ ၊ မြန်မာပဲနီလေး တစ်ပိဿာ ကျပ် ၁၅၀ဝ၀ ၊ ပဲဝါလေးတစ်ပိဿာ ကျပ် ၅၀ဝ၀၊ ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၇၅၀ဝ၊ ချင်းတစ်ပိဿာ ကျပ် ၇၀ဝ၀ မှ ၁၂၀ဝ၀ တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေး ကြက်တစ်ပိဿာ ကျပ် ၂၀ဝ၀ဝ၊ မြန်မာကြက် တစ်ပိဿာ ကျပ် ၃၁၀ဝ၀၊ ဝက်သားတစ်ပိဿာ ကျပ် ၃၁၀ဝ၀၊ ဘဲသား တစ်ပိဿာ ကျပ် ၂၈၀ဝ၀၊ ဆိတ်သား တစ်ပိဿာ ကျပ် ၃၁၀ဝ၀၊ အမဲသား တစ်ပိဿာ ကျပ် ၂၆၀ဝ၀၊ ငါးကြင်းတစ် ပိဿာ ကျပ် ၂၀ဝ၀ဝ၊ ငါးမြစ်ချင်းတစ်ပိဿာ ကျပ် ၁၂၀ဝ၀၊ ရေချိုငါးခူတစ်ပိဿာ ကျပ် ၂၅၀ဝ၀၊ မွေးမြူရေးငါးခူ တစ် ပိဿာ ကျပ် ၁၉၀ဝ၀၊ ပုစွန်တုပ်(ကြီး) တစ်ပိဿာ ကျပ် ၄၇၀ဝ၀၊ ပုစွန်တုပ်(လတ်)တစ်ပိဿာ ကျပ် ၄၂၀ဝ၀၊ ပုစွန် ကျော့ တစ်ပိဿာ ကျပ် ၂၈၀ဝ၀၊ ငါးတန်တစ်ပိဿာ ကျပ် ၁၈၀ဝ၀၊ ပင်လယ်ငါးတစ်ပိဿာ ကျပ် ၉၀ဝ၀ မှ ၁၅၀ဝ၀၊ ငါးရံ့တစ်ပိဿာ ကျပ် ၂၇၀ဝ၀၊ ငါးကျည်းတစ်ပိဿာ ကျပ် ၃၅၀ဝ၀ ၊ ရေချိုငါးသလောက်တစ်ပိဿာ ကျပ် ၃၇၀ဝ၀၊ ပုစွန် ခြောက် (ကြီး)တစ်ပိဿာ ကျပ် ၁၂၀ဝ၀ဝ၊ ပုစွန်ခြောက်(လတ်)တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၀၊ ပုစွန်ခြောက် (သေး) တစ်ပိဿာ ကျပ် ၆၀ဝ၀ဝ၊ ငါးရံ့ခြောက် တစ်ပိဿာ ကျပ် ၉၀ဝ၀ဝ၊ ငါး ကျည်းခြောက် တစ်ပိဿာ ကျပ် ၈၅၀ဝ၀၊ ငါးပိကောင်တစ်ပိ ဿာ ကျပ် ၂၆၀ဝ၀၊ အာဗြဲ ခြောက်တစ်ပိဿာ ကျပ် ၃၃၀ဝ၀ တို့ဖြစ်ကြောင်း သိရှိရသည်။
စားအုန်းဆီမှာ ရည်ညွှန်းဈေး ကျပ် ၇၂၈၀ အပေါ် အခြေခံ ရောင်းချရသောကြောင့် ဈေးနှုန်းအနည်းငယ် တက် ပြီး၊ ပဲဆီဈေးနှုန်းမှာ ဝယ်လိုအားနည်းသဖြင့် ဈေးအနည်းငယ် ကျဆင်းသွားကြောင်း သိရှိရသည်။ ကြက်သွန်နီနှင့် ကြက် သွန်ဖြူမှာ ဈေးငြိမ်လျက်ရှိပြီး ကြက်သား၊ ငါးနှင့် အခြားစားဖိုဆောင်သုံးကုန်ပစ္စည်းများမှာ ယခင်တစ်ပတ်ထက် အနည်း ငယ်သာ မြင့်တက်လာမှုရှိကြောင်း နိုဝင်ဘာ ၂၇ရက် အတွက် ဈေးကွက်စုံစမ်း သိရသည်။
လဲ့လဲ့ဌေး