အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများ နှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်သည့် ၂၀၂၅ ခုနှစ် အာဆီယံဆု ASEAN Prize 2025)ကိုပေးအပ်ချီးမြှင့်ရန် အတွက် အဆိုပြုလွှာများ ခေါ်ယူထားပြီး ဝင်ရောက်လျှောက်ထားနိုင် ကြောင်း သိရသည်။
ယင်းဆုတံဆိပ်သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုများ၊ အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင် ရွက်မှုများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိ တွေ့ဆက်ဆံမှုများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပေါင်း စည်းရေးနှင့် စံနှုန်းများ မြှင့်တင်ရေး ဆောင်ရွက်မှုများ၊ အာဆီယံအသိုက် အဝန်း တည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ ကို အကဲဖြတ်သွားမည်ဖြစ်သည်။
အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် အကဲဖြတ်အဖွဲ့ကို လက်ရှိ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ဟောင်းများ အပါအဝင် ထင်ရှားသော အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ထားပြီး ဆုရရှိသူအား အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀ဝ၀ဝ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်း ဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ပြည်သူကို ဦးတည်၍ ပြည်သူကို ဗဟိုပြုသည့် အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းနှင့် အာဆီယံဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆောင် ရွက်ချက်များ၊ အောင်မြင်မှုများနှင့် အာဆီယံနှင့်ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များကို အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာ တွင် အကျဉ်းချုပ် ရေးသားဖော်ပြရမည်ဖြစ်သည်။
အကျဉ်းချုပ်တွင် ပါရှိရမည့် အချက်အလက်များကို လျှောက်လွှာ ပုံစံတွင် ဖော်ပြပါရှိကြောင်းနှင့် လျှောက်လွှာပုံစံကို အာဆီယံ အတွင်းရေး မှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာ https://asean. org/nomination-form/ ရယူဖြည့်စွက်ပြီး အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်(သို့မဟုတ်) ောည ျ.ာသ်ဏ္ဍေါာငေူ.ခသာ သို့ ၂၀၂၅ ခုနှစ်ဧပြီ ၁၁ ရက် နောက်ဆုံးထား၍ လိပ်မူလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုတိုး