ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေ ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)) တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ရောင်း ချပေးမှု သန်း ၂၀ဝ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ကြေးဈေးကွက် ((FX Trading Platform) တွင် စက်သုံးဆီလုပ် ငန်းရှင်များအား ဇွန် ၄ ရက်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀ အား လည်းကောင်း၊ ဇွန် ၁၀ ရက်တွင် အမေရိကန်ဒေါ်လာ ၃၂ သန်းအား လည်းကောင်း၊ ဇွန် ၁၇ ရက်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀ အား လည်းကောင်း၊ ဇွန် ၁၀ ရက်တွင် အမေရိကန်ဒေါ်လာ ၃၂ သန်းအား လည်းကောင်း၊ ဇွန် ၁၇ ရက်တွင် အမေရိကန်ဒေါ်လာ ၃၃ သန်းအား လည်းကောင်း၊ ဇွန် ၂၃ ရက်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀ အားလည်း ကောင်း အသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေး ကွက် FX Trading Platform) တွင် စားသုံးဆီနှင့် အခြားကုန် စည်များ တင်သွင်းသည့် လုပ်ငန်းရှင်များအတွက် CMP လုပ်ငန်းများသို့ ဝင်ရောက်သည့် နိုင်ငံခြားငွေမှ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂ဒသမ၂ သန်းခန့် နေ့စဉ်ရောင်း ချပေးလျက်ရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေ ရိကန်ဒေါ်လာ သန်း ၁၀ဝ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းရှင်များအတွက် အမေ ရိကန်ဒေါ်လာများ ဆက်တိုက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယခုလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ပထမဦးဆုံးအကြိမ် အဖြစ် အမေရိကန်ဒေါ်လာ ၃၃ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုတိုး