Main menu

Background

သီလဝါ သိုလှောင်ကန်များတွင် စက်သုံးဆီများ အပြည့်အဝရှိ

Tue, 08/05/2025 - 13:37 -- journal_editor

သီလဝါသိုလှောင်ကန်များတွင် စက်သုံးဆီများ ပြည့် လုနီးပါးရှိနေသည့်အပြင် မှာယူထားသည့် ဆီသင်္ဘောများ လည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိနေကြောင်း သိရ သည်။
ကမ္ဘာ့ရေနံစိမ်းဈေးနှင့်  အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ် မြင့်တက်လာမှုကြောင့် လာမည့်ပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်နိုင်မည်ဟု သုံးသပ်ခန့်မှန်းရသော်လည်း ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းမှုကြောင့် နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့ သည့် ဈေးနှုန်းများအောက် တစ်လီတာလျှင် ကျပ် ၂၅၀ ကျော်ခန့်အထိ လျော့နည်းနေမည်ဟု ခန့်မှန်း ရကြောင်း၊ ယခင်နှစ်က အရောင်းဆိုင်များတွင် ယာဉ်တန်းစီ စောင့်ဆိုင်း ဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့ သော်လည်း ယခုနှစ်တွင် အလားတူ ယာဉ်တန်းစီဝယ်ယူမှုမျိုး  မတွေ့ရကြောင်းနှင့် သီလဝါ သိုလှောင်ကန်များတွင် စက်သုံးဆီများ ပြည့်လုနီးပါးရှိနေ သည့်အပြင် မှာယူထားသော ဆီသင်္ဘောများလည်း အဆက် မပြတ် ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။ 
လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးမှာမှု ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် နယ်မြို့ကြီးများတွင် တစ်လီတာ ကျပ် ၃၀ဝ၀ ဝန်းကျင်ခန့်တွင် ရှိနေကြောင်း စက်သုံးဆီအရောင်း ဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။ 

 

ကိုတိုး