Main menu

Background

ငွေကြေးအရင်းအနှီး လိုအပ်သည့် ဆီစက်လုပ်ငန်းရှင်များကို ချေးငွေထုတ်ချေးမည်

Tue, 08/05/2025 - 13:47 -- journal_editor

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်း များဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့် ခွဲမှုလုပ်ငန်းအဖွဲ့က အသိပေးထားကြောင်း သိရသည်။ 
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေအတွက် ချေးငွေအနည်းဆုံး ကျပ်သိန်း ၁၀ဝ မှ အများဆုံး ကျပ် သိန်း ၅၀ဝ၀ ထိ၊ မတည်ရင်းနှီးငွေအတွက် ချေးငွေ အနည်းဆုံး ကျပ်သိန်း ၂၀ဝ မှ အများဆုံး ကျပ်သိန်း ၅၀ဝ၀ ထိ ထုတ်ချေးမည်ဖြစ်သည်။
ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလအနေဖြင့် လုပ်ငန်းသုံး လှည့် ပတ်ရင်းနှီးငွေအတွက် ချေးငွေ သက်တမ်းတစ်နှစ်၊ မတည်ရင်းနှီးငွေ ချေး ငွေသက်တမ်း သုံးနှစ်ဖြစ်ကာ အတိုးနှုန်းမှာ တစ်နှစ်ကို ၅ ရာခိုင်နှုန်းဖြစ်သည်။ 
ချေးငွေ အဆိုပြုလွှာများကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်‌မြေ တိုင်းဒေသကြီးများက ဆီစက်ပိုင်ရှင်များ အသင်းရုံးများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန မြန်မာစီးပွားရေးဘဏ်ခွဲများအားလုံးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲများအားလုံးတွင် ရယူလျှောက်ထားနိုင်ကြောင်း ဖော်ပြထား သည်။ ထို့ပြင် ကျပ်သိန်း ၅၀ဝ၀ အထက်ချေးငွေယူလိုသည့် ဆီစက်လုပ်ငန်း ရှင်များအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)သို့ တိုက်ရိုက် ပေးပို့ လျှောက်ထားနိုင်ကြောင်း အသိပေးထားကြောင်း သိရသည်။  

 

ကိုတိုး