ဘိလပ်မြေ
မော်လမြိုင်မြို့၌ အောက်တိုဘာလ စတုတ္ထတစ်ပတ် တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် အေးနေပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုတစ်ပတ်တွင် ကြံ့အသစ် (အပြာ) တစ်အိတ်လျှင် ကျပ် ၂၁၈၀ဝ၊ ကြံ့တံဆိပ်(အဝါ)တစ်အိတ်လျှင် ကျပ် ၂၂၀ဝ၀၊ ကြံ့နှစ်ကောင်(အနီ) တစ်အိတ်လျှင် ကျပ် ၂၀၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
အောက်တိုဘာလစတုတ္ထပတ်တွင် ကွန်ပေါင်း (မြန်မာ့ သြဘာ ရွှေကောမက်) 15:15:15 50kgပါ တစ်အိတ်လျှင် ကျပ် ၁၅၅၀ဝ၀၊ ကွန်ပေါင်း 20:12:12 50kg ပါတစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ကွန်ပေါင်း Thai Grow How) 15:15:15 50kg ပါ တစ်အိတ်လျှင် ကျပ် ၂၅၀ဝ၀ဝ၊ ပုလဲ(အသေး) ၄၆% မြန်မာ (MPE) 50kgပါတစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ပုလဲအသေး တရုတ်(ရွှေတောင်) 50kg ပါတစ်အိတ်လျှင် ကျပ် ၁၁၅၀ဝ၀၊ ပိုတက် (အာမို) 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ ပိုတက်(မြန်မာ့သြဘာ) 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ တီစူပါ(သံကွင်း) 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၅၅၀ဝ၀၊ ပိုးသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာ မြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) ၁၀၀ CC တစ်ပုလင်းမှာ ကျပ် ၆၀ဝ၀ ဖျူရာဒါန် ၅ ဂျီ(မြန်မာ့သြဘာ) 1kg ပါ တစ်ထုပ်၊ ကျပ် ၁၈၀ဝ၀၊ အဆီဖိတ်(ခရု) မြန်မာ့သြဘာ ၅၀ဝkg ပါ တစ်ထုပ် လျှင် ကျပ် ၂၈၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ရော်ဘာ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေ ဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ ရော်ဘာ ဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3တစ်ပေါင်လျှင် ကျပ် ၃၅၀ဝ ရှိခဲ့ပြီး စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂၉ ရက်ထိဈေးနှုန်းမှာ မော်လမြိုင်မြို့တွင်RSS-3 တစ်ပေါင်လျှင် ကျပ် ၂၇၀ဝ၊ မုဒုံမြို့တွင်RSS-3 တစ်ပေါင်လျှင် ကျပ် ၂၇၀ဝ၊ ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်း ယှဉ်ပါက တစ်ပေါင်လျှင် ကျပ် ၁၀ဝ ခန့် ဈေးနှုန်းတက်လာပြီး ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကလည်း တစ်ပေါင်လျှင် ကျပ် ၃၀ဝခန့် ဈေးနှုန်းကျလာခဲ့သည်။
မော်လမြိုင်မြို့မှရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg ပါတစ်ထုပ်လျှင် ကျပ် ၃၂၀ဝ၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၆၄၀ဝ၀ ဖြစ်သည်။ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg ပါ တစ်ထုပ်လျှင် ကျပ် ၄၅၀ဝ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် သယ်ယူပို့ဆောင် ပေးရကြောင်း၊ မိုးရွာသွန်းမှုနည်းသော နေ့များတွင် ရော်ဘာ ခြံရှင်များအနေဖြင့် ရော်ဘာခြံ ရှင်းလင်းခြင်းများ လုပ်ဆောင် နေကြပြီး ခြံရှင်အချို့မှာအစေးလှီးခြင်းကို အနည်းငယ် စတင် နေပြီဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်မြတ်(မွန်)
