ကိုရီးယားသမ္မတနိုင်ငံမှ ပိန်းရိုးခြောက်ဝယ်လိုအားရှိ သဖြင့် တင်ပို့လိုသည့်ကုမ္ပဏီများအား မြန်မာနိုင်ငံ သစ်သီး ဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ဖိတ်ခေါ်ထားကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံIncheon မြို့ရှိ Fresh Leaders Co., Ltd. သည် ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံများမှ လယ်ယာထွက်ကုန်များကို တင်သွင်းကာ ကိုရီးယားပြည်တွင်း ရှိ နာမည်ကြီးကုမ္ပဏီများဖြစ်သည့် Ottogi Corporation နှင့် CJ Group တို့သို့ ဖြန့်ဖြူးပေးလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ် သည်။ လက်ရှိတွင် ကိုရီးယား အမဲသားစွပ်ပြုတ် (အစပ် အရသာ) ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုရန် ပိန်းရိုးခြောက် ဝယ်လိုအားရှိနေသဖြင့် မြန်မာနိုင်ငံမှ ဝယ်ယူ တင်သွင်းလိုကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အကြောင်းကြားထားသည်။
ထို့ကြောင့် ကိုရီးယားသမ္မတနိုင်ငံသို့ ပိန်းရိုးခြောက် တင်ပို့လိုသည့် အသင်းဝင်ကုမ္ပဏီများအနေဖြင့် အသင်းရုံး ဖုန်းနံပါတ် ဝ၉-၄၃၁၂၇၆၅၆ သို့ ကုမ္ပဏီအမည်၊ ဆက်သွယ် ရန် ပုဂ္ဂိုလ်အမည်၊ ရာထူး နှင့် ဖုန်းနံပါတ်၊ ဗိုက်ဘာအက်ပလီ ကေးရှင်းတို့သို့ ပေးပို့ဆက်သွယ်နိုင်ကြောင်း အသိပေးကြေ ညာထားသည်။
ကိုတိုး
