မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရန် ငွေသားမဲ့ငွေပေးချေမှုစနစ် (Cashless Payment System) ဆောင်ရွက်လျက်ရှိပြီး ယင်းသို့ ငွေသားမဲ့ငွေပေးချေမှုစနစ် ကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာတွင် ဆောင် ရွက်အောင်မြင်နေသည့် အိန္ဒိယ၊ ထိုင်းနှင့် စင်ကာပူတို့ကို လေ့လာ၍ အားသာချက်များအားလုံးကို စုစည်းဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့်အညီ ရင်ပေါင်တန်းနိုင်ရန်အတွက် ငွေသားမဲ့ ငွေပေးချေမှုစနစ် (Cashless Payment System) ကို ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား ငွေပေး ချေမှုအခြေခံအဆောက်အအုံ National Payment Infrastructure)) ကို တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ တည်ဆောက်ခဲ့သည်။
အခြေခံအဆောက်အအုံများဖြစ်သည့် CBM-NETကို ဦးစွာ တည်ဆောက်ခဲ့ပြီးနောက် မြန်မာငွေပေးချေမှုအဖွဲ့ ((Myanmar Payment Union -MPU) ယင်းမှတစ်ဆင့် လက်ရှိMMQR သို့ အဆင့်ဆင့် ဆောင် ရွက်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် နိုင်ငံ ပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေး ကြေးရေးအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများအနေဖြင့် ငွေသား အသုံးပြု၍ ငွေပေးချေမှုစနစ်မှ Cashless System သို့ တက်လှမ်းကာ ဆောင်ရွက်လျက်ရှိသည်။
ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless Systemဆိုသည်မှာ ငွေသား အသုံးပြုမှုနည်းပါးပြီးBanking စနစ်ကို အခြေခံသော Mobile Banking Payment/ Digital စနစ်ကိုအခြေခံသောDigital Payment များကို လူ အများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် အကျိုးရှိသည့် ပြောင်းလဲမှု တစ်ရပ်ပင် ဖြစ်သည်။
ထိုသို့သုံးစွဲခြင်းဖြင့် ငွေကြေးစီးဆင်းမှုမြန်ဆန်လာခြင်း၊ ငွေကြေး လွှဲပြောင်းမှုများတွင် ပွင့်လင်းမြင်သာမှု ရှိလာခြင်း၊ အငယ်စား၊ အသေး စား၊ အလတ်စားလုပ်ငန်းMSMEs) များ တရားဝင် ဘဏ္ဍာရေးစနစ် Formal Economy) အတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း၊ ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီသည့် ကျေးလက်နေ ပြည်သူများအထိ ဘဏ္ဍာရေး အခွင့် အလမ်းများကို သုံးစွဲလာနိုင်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးများ ရရှိ မည်ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေသားမဲ့ ငွေပေးချေမှုစနစ် Cashless Societyဆောင်ရွက်ရာတွင် စနစ်ကျနမှု၊ အကျိုးအများဆုံး ရရှိစေရေးအတွက် နိုင်ငံတကာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၏ (Unified Payment Interface - UPI) စနစ်မှတစ်ဆင့် လမ်းဘေးဈေးသည်အထိQR ဖြင့် အချိန်နှင့်တစ်ပြေးညီ ငွေပေးချေနိုင်သည့် ခိုင်မာသော Infrastructure ကို တည်ဆောက်ခဲ့မှုများ၊ ထိုင်းနိုင်ငံ၏ PromptPay နှင့်National QR စနစ်မှတစ်ဆင့် နိုင်ငံဖြတ် ကျော်ငွေပေးချေမှု (Cross-border QR Linkage) အထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများ၊ စင်္ကာပူနိုင်ငံ၏Regulatory Sandbox နှင့် Cloud Governance မူဝါဒများမှတစ်ဆင့် ဆန်းသစ်တီထွင်မှု Innovation) နှင့် စည်းမျဉ်းစည်းကမ်း Regulation) ကြား မျှတအောင် ညှိနှိုင်းနိုင်ခဲ့မှုများ ကို စနစ်တကျလေ့လာ၍ အားသာချက်များကို ထုတ်နှုတ်ဆောင်ရွက်ခဲ့ ခြင်းဖြင့် အကောင်းဆုံးများကို စုစည်းဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုတိုး
