Main menu

Background

ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် ကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့်ပါ လက်ခံမည်

Mon, 04/20/2026 - 12:44 -- journal_editor

ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့်ပါ လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။
အဆိုပါ  ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးသို့ အဆိုပြုချက်နှင့် အတည်ပြု လျှောက်ထားလွှာများ တင်ပြလျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံ ခြားမတည်ငွေရင်းကို အမေရိ ကန်ဒေါ်လာအပြင် တရုတ်ငွေကြေးယွမ်နှင့် ပါ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားမတည်ငွေရင်းကို အမေရိကန်ဒေါ်လာဖြင့် ယူဆောင်လာပါက အမေရိကန်ဒေါ်လာဖြင့် လည်းကောင်း၊ တရုတ်ယွမ်ငွေဖြင့် ယူဆောင်လာပါက တရုတ်ငွေကြေး ယွမ် ဖြင့်လည်းကောင်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (ဗီ) လိုင်စင်ရဘဏ်များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲ ပြောင်းပေးချေမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားကြောင်း သိရသည်။ 

 

ကိုတိုး