Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးနှုန်းဈေးကွက်

Mon, 05/11/2026 - 13:16 -- journal_editor

ဘိလပ်မြေ
မော်လမြိုင်မြို့၌ ဧပြီလစတုတ္ထပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိခဲ့ပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးမှာ ဧပြီနောက်ဆုံးပတ်တွင် ကြံ့အသစ်တစ်အိတ်လျှင် ကျပ် ၂၉၃၀ဝ၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ၊ ကြံ့နှစ်ကောင်(အနီ) တစ်အိတ်လျှင် ကျပ် ၃၄၀ဝ၀၊ ကြံ့တစ်ကောင် (အပြာ)တစ်အိတ်လျှင် ကျပ် ၃၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌    ဓာတ်မြေသြဇာနှင့်  ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
ဧပြီလစတုတ္ထပတ်တွင်  ကွန်ပေါင်း (မြန်မာ့သြဘာရွှေကောမက်) 50:50:15Kg ပါ တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ကွန်ပေါင်း 20:12:12 50Kg ပါ တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ကွန်ပေါင်း (Thai Grow How) 15:15:15 50Kg ပါ တစ်အိတ် လျှင်  ကျပ် ၂၈၀ဝ၀ဝ၊ ပုလဲ(အသေး) ၄၆ ရာခိုင်နှုန်း  မြန်မာ (MPE)50 Kg ပါတစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ပုလဲ(အကြီး) ၄၆ ရာခိုင်နှုန်း၊ ထိုင်း(မြင်းပျံ) 50 Kg ပါတစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ပုလဲအသေး တရုတ်(ရွှေတောင်) 50Kg ပါ တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ပိုတက် (အာမို) 50 Kg ပါတစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ပိုတက် (မြန်မာ့သြဘာ) 50Kg ပါ တစ်အိတ်လျှင် ကျပ် ၁၅၇၀ဝ၀၊ တီစူပါ (သံကွင်း) 50Kg ပါ တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ပိုသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀ ရာခိုင်နှုန်း (သီးရွက်စုံ)  100CC တစ်ပုလင်းလျှင် ကျပ် ၆၀ဝ၀  မာလာမြိုင်ဆိုက်ပါ ၁၀ ရာခိုင်နှုန်း (သီးရွက်စုံ) 500CC တစ်ပုလင်းလျှင် ကျပ် ၂၅၀ဝ၀၊ ဖျူရာဒါန် ၃ ဂျီ (မြန်မာ့သြဘာ) 500 Kg ပါ တစ်ထုပ် ကျပ် ၁၉၀ဝ၀၊ အဆီဖိတ် (ခရု) မြန်မာ့သြဘာ 500Kg ပါ  တစ်ထုပ်လျှင် ကျပ် ၃၅၀ဝ၀  ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 
ရော်ဘာ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ် ၃၅၀ဝ ရှိခဲ့ပြီး ဧပြီလနောက်ဆုံးပတ်ထိဈေးနှုန်းမှာ မော်လမြိုင် မြို့တွင်RSS-3 တစ်ပေါင်လျှင် ကျပ်  ၃၁၀ဝ၊ မုဒုံမြို့တွင် ကျပ် ၃၁၇၀၊ သံဖြူဇရပ်မြို့တွင် ကျပ် ၃၁၅၀၊ သထုံမြို့တွင် ကျပ် ၃၀၈၀ ၊ ကျိုက်ထိုမြို့တွင် ကျပ် ၃၀၆၀  ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၆၀ ကျပ်ခန့် ဈေးနှုန်းတက်လာပြီး ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကလည်း တစ်ပေါင်လျှင် ကျပ် ၁၀ဝ ခန့် ဈေးနှုန်းတက်လာခဲ့သည်။ 
ယခုအချိန်တွင် ရော်ဘာအစေး ထွက်ရှိမှုနည်းလာသဖြင့်   ဈေးနှုန်းအနည်းငယ်   မြင့်တက်လာခြင်းဖြစ်သည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)Kg ပါ တစ်ထုပ်လျှင် ကျပ် ၃၆၀ဝ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၇၂၀ဝ၀ ဖြင့်လည်းကောင်း မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ သယ်ယူခနှုန်းထားမှာ (50)Kg ပါ တစ်ထုပ်လျှင် ကျပ်  ၅၃၀ဝ၊ ရော်ဘာတစ်တန်လျှင်  ကျပ် ၁၀၆၀ဝ၀ ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း သိရှိရသည်။ 
အောင်မြင့်မြတ်(မွန်)