Main menu

Background

ဈေးကွက်အတွင်းသုံး ပုံမှန်စီးဆင်းနေတဲ့ ဆီနေကြာ

Fri, 03/05/2010 - 18:15 -- Anonymous (not verified)

    မန္တလေးဈေးကွက်အတွင်းသို့ ဆီနေကြာအသစ်များလှိုင်လှိုင် ဝင်ရောက်နေဆဲ ကာလပဲဖြစ်ပါတယ်။ ဒေသတွင်းပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ တံတားဦး အရှေ့တောနယ် ပုသိမ်ကြီးတို့ဘက်မှ အဝင်များပြီး ရှမ်းပြည်နယ် တောင်ပိုင်း မြောက်ပိုင်းတို့ မှလည်း အနည်းငယ်ဝင်ရောက်ပါတယ်။ တစ်နေ့ကို ပျမ်းမျှ ၃ တင်းဝင်အိတ် ၅ဝဝ မှ ၁ဝဝဝ အတွင်း ဝင်ရောက်လျက်ရှိပြီး ဝင်သလောက်လည်း ရောင်းရတယ်လို့ သိရပါတယ်။ ဆီနေကြာကို ဒေသတွင်းနဲ့ စက်သမားများမှ ဝယ်ယူတာများပါတယ်။ ဆောင်းသီးနံှဆီနေကြာအသစ်များ စတင်ဝင်ရောက်ချိန်မှ ယခုဖေဖော်ဝါရီ နောက်ဆုံးပတ်အထဲ ၃ တင်းဝင်အိတ် တစ်အိတ်ကို ၂၄ဝဝဝ ကျပ်၊ ၂၄၅ဝဝ ကျပ် ဆီနေကြာဖတ် တစ်ပိဿာကို ၄၂၅ ကျပ်၊ ၄၃၅ ကျပ်၊ ဆီနေကြာ တစ်ပိဿာကို ၂၇ဝဝ ကျပ်၊ ၂၈ဝဝ ကျပ် ဈေးနှုန်းဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ အရောင်းအဝယ်ကတော့ ပုံမှန် စီးဆင်းမှုရှိနေကြောင်း တွေ့ရပါတယ်။       ခင်ပပနိုင်