Main menu

Background

တကယ်ဆိုရင်အချစ်ပဲလိုတယ်လို့တစ်ကိုယ်တော် ဆိုလာသူချမ်းချမ်း

Wed, 02/17/2010 - 14:05 -- Anonymous (not verified)

   မော်ဒယ်လောကမှာလည်း ပရိသတ်ရဲ့အားပေးမှုရနေသလို၊ တေးဂီတ လောကမှာပါ နေရာတစ်ခုရလာပြီဖြစ်တဲ့ မော်ဒယ်၊ အဆို တော်ချမ်းချမ်းရဲ့ ''တကယ်ဆိုရင်အချစ်ပဲလိုတယ်'' တစ်ကိုယ်တော်တေးစီးရီး မိတ်ဆက်ပွဲကို ၅.၂.၂ဝ၁ဝ ရက်နေ့က ဏမေု Park Royal Hotel မှာကျင်းပခဲ့ပါတယ်။ ဒီစီးရီးမှာထူး ခြားတာက စီးရီးတစ်ခုလုံးအတွက် တေးသီချင်းများကို တေးရေး'မေသော်' တစ်ဦး တည်းရေးဖွဲ့တာ ဖြစ်ပါတယ်။ ဂီတလောကမှာ အမိုျးသမီးတေးရေးတွေက ရှားပါး လှပါတယ်။ ဒီအထဲမှာမှ တေးရေး မေသော်ဟာ ပရော်ဖက်ရှင်နယ်ရေးဖွဲ့တာ မဟုတ်ဘဲ သူမ စိတ်ဝင်စားချိန်မှသာ ရေးဖွဲ့တတ်သူဖြစ်ပြီး၊ Studio  ခေတ်ဦးLခွန်းရီ၊ စိမ်းမို့မို့ တို့ခေတ်အခါ တည်းက ရေးဖွဲ့ခဲ့သူ ဖြစ်ပါတယ်။အခုဆိုနှစ်(၃ဝ) ကာလထဲသို့ ရောက်ခဲ့ပါပြီ။''တကယ်ဆိုရင် အချစ်ပဲလိုတယ်'' စီးရီးမှာ တစ်ချိန်က နာမည်ကြီးခဲ့သော Lခွန်းရီ၏ တေးသီချင်း (၅)ပုဒ် ပါဝင်ထားပါတယ်။အဆိုတော် ချမ်းချမ်းရဲ့ စကားသံတစ်ချို့ကိုတော့ ဒီလို ကြားသိခဲ့ရပါတယ်။- ဒီစီးရီးအပေါ် ချမ်းချမ်း ဘယ်လို မျှော်လင့်ထားလည်း။  ချမ်းချမ်းအများကြီး ကြိုးစားထားပါတယ်။ အန်တီ Lခွန်းရီကိုတော့ မီနိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့်အသေအချာကြိုးစားထားတာမို့ ပရိသတ် လက်ခံအားပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။- ''ချမ်းချမ်း''ဟာအဆိုတော်တစ်ယောက် ဖြစ်ပြီလို့ ပြောလို့ ရပြီလား။  ချမ်းချမ်းအနေနဲ့ကတော့ ကြိုးစားဆဲ၊ လေ့လာဆဲလို့ ပြောချင်ပါတယ်။- အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်လာတဲ့ အခါ၊ မော်ဒယ်တစ်ယောက်အဖြစ် အချိန်ပေးနိုင်ပါမလား။ ချမ်းချမ်းရွေးချယ်ထားတဲ့ ဒီနှစ်ခုလုံးကို အချိန်ရရင်ရသလို အခြေအနေပေးရင် ပေးသလို ရှေ့ဆက် ကြိုးစားသွားမှာပါ။ ပရိသတ်ကို လည်းအားပေးပါလို့ ပြောချင်ပါတယ်။