မွန်ပြည်နယ်ရော်ဘာဈေး ကွက်မှာ ၂ဝဝ၉ ဒီဇင်ဘာလကုန် သီတင်းပတ်က စတင်လှုပ်ရှားလာတဲ့ ရော်ဘာဈေးဟာ ဇန်နဝါရီ တတိယပတ်မှာ RSS-3 တစ်ပေါင် ၁၂၇ဝ ကျပ်၊ RSS-5 တစ်ပေါင် ၁၁၇ဝ ကျပ်ထိဈေးမြင့်လာပါတယ်။ ဇန်နဝါရီ တတိယပတ်ရဲ့ နောက်ပိုင်းရက်တွေမှာ ပြည်ပရော်ဘာဈေး အတက်အကျတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဇန်နဝါရီ နောက် ဆုံးပတ်မှာ RSS-3 တစ်ပေါင် ၁၂ဝဝ ကျပ်၊ RSS-5 တစ်ပေါင် ၁၁ဝဝ ကျပ်ကို ဈေးပြန် အေးသွားပါတယ်။ အခုရွက်ေြွကချိန်မှာ ရော်ဘာစေးထွက်ရှိမှု လျော့ချိန်ဖြစ် နေလို့ အချို့ခြံရှင်တွေကလည်း ရောင်းချခြင်းမပြုသေးဘူးလို့ သိရပါတယ်။ အောင်လွင်
Background