Main menu

Background

တင်ပို့မှုနည်းသော်လည်း ဈေးကောင်းရနေသော သခွားမွှေး

Sat, 03/06/2010 - 06:27 -- Anonymous (not verified)

    ဒီတစ်ပတ် ၁၁-၂-၂ဝ၁ဝမှ ၁၈-၂-၂ဝ၁ဝ ထိ မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် သခွားမွှေးတင်ပို့မှုဟာ တန်ချိန် ၂၉၃ တန် (ဒေါ်လာ ဝ.ဝ၄၃)သန်း ဝင်ငွေရရှိခဲ့ပြီး ယခင်အပတ် တင်ပို့ကတော တန်ချိန် ၉၁၈(ဒေါ်လာ ဝ.၁၃၅ )ဖြစ်တာ ကြောင့် ယခင်အပတ်ထက် တင်ပို့မှု အနည်းငယ်လျော့နည်းလာတာကို တွေ့ရပါတယ်၊ တင်ပို့မှု လျော့နည်းသော်လည်း ဈေးနှုန်းအနေနှင့် ပိုမိုရရှိကြောင်း သိရပါတယ်၊ပြည်တွင်းဈေးကွက်  တစ်ပတ်အတွင်းဈေးနှုန်းများမှာ ကျောက်ဆည် ဒေသထွက် ပိုက်ကွက်သခွားမွှေး ကျပ် ၈ဝဝ-၁ဝဝဝ၊ ရွှေသခွားမွှေးက ကျပ် ၁ဝဝဝ-၁၂ဝဝ ရှိပါတယ်၊  မူဆယ်ဈေးကွက်တစ်ပတ်အတွင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှာ ဖြစ်ပေါ် ခဲ့တဲ့ ဈေးနှုန်းတွေရဲ့ အခြေအနေကို ဖော်ပြလိုက်ပါတယ်-      ဒီတစ်ပတ် မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်သို့ ဒေသအသီးသီးမှ ဖရဲသခွား ဒီတစ်ပတ် မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်သို့ ဒေသအသီးသီးမှ ဖရဲသခွား ၁၇၉ တန်၊ ရွှေသခွား ၆၆၃ တန်၊ ပိုက်ကွက်သခွား ၄၅၅ တန် ဝင်ရောက်လာတာကို တွေ့ရပါတယ်။