Main menu

Background

တင်လဲရည်ဈေးပုံမှန်တန်းနေခြင်းက သကြားဈေးမြင့်တက်မှု အကြောင်းတစ်ချက်ဖြစ်

Fri, 02/05/2010 - 13:05 -- Anonymous (not verified)

    သကြားနဲ့ပွက်ရေဈေးနှုန်း မြင့်တက်မှုရှိသော်လည်း တင်လဲရည်ဈေးနှုန်း မှာ ယခင်နှစ်ဈေးနှုန်းဖြင့် ပုံမှန်ဈေးတန်း နေခြင်းဟာ သကြား ဈေးနှုန်းမြင့်တက်မှု အကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း၊ သကြားနဲ့ သကာရည်လုပ်ငန်းရှင်များထံမှ သိရပါတယ်။    ပွက်သားတစ်ပိဿာ ၅၅ဝ ကျပ် ဈေးနှုန်းမှာ တင်လဲရည်ဈေးက ၃ဝဝ ကျပ်ဘဲရှိတယ်။ အခု ၇၂ဝ ကျပ်ဖြစ် တော့လဲ ပွက်သားတင် လဲ ဈေးက ၃၂ဝ ကျပ်ဘဲငြိမ်နေတယ်။ အရက်ချက် စက်ရုံတွေက ဆန်ကွဲနဲ့ပြောင်းကို ပြောင်းလဲချက်လုပ်တော့ တင်လဲရည် ဝယ်မှု နည်းလို့ ဈေးနှုန်းက ငြိမ်နေတယ်။ တင်လဲရည်ဈေးသာတက်မယ်ဆိုရင် သကြားဈေးက ၁၂၈ဝ ကျပ်မဖြစ်တော့ ဘူးလေ။ ဈေးကျသွားနိုင်တယ်၊ တင်လဲရည်ဈေးရရင် သကြားဈေးက အရင်း နည်းမယ်၊ ပွက်သားကနေ သကြားက ၅၅ ရာခိုင်နှုန်း၊ တင်လဲက ၄၅ ရာခိုင်နှုန်းထွက်တော့ တင်လဲဈေးနှုန်း ပြောင်းရင် သကြားဈေးနှုန်းပြောင်းနိုင်တယ်။ တင်လဲဈေးနည်းရခြင်းကလည်း သကြား ဈေးကြီးမြင့်ရခြင်းရဲ့ အကြောင်းတစ်ချက်ပါပဲ'' လို့ သကြားစက်ပိုင်ရှင်တစ်ဦး က ပြောပါတယ်။ မန္တလေးတိုင်းအတွင်း ကြံစိုက်ဧက ၄၈ဝဝဝ ကျော်က ကြံအထွက်တန်ချိန် ၇ ဒသမ ၈ တန်ထွက်တာကြောင့် သကြားထွက်ရှိမှုမှာ ၆၆ဝဝဝ တန် ထွက်တယ်လို့ သိရပါ တယ်။                                                                                                                           ဇူးဇူး