Main menu

Background

တစ်ကျော့ ပြန်လည်ဦးမော့လာတဲ့ မန်းသကြား

Fri, 02/05/2010 - 13:08 -- Anonymous (not verified)

    မန္တလေးသကြားဈေးကွက်မှာ လှောင်လက်များနဲ့ မုန့်လုပ်ငန်းရှင်များ၊ အချိုရည်လုပ်ငန်းရှင်များမှ ရာသီချိန် (နွေ) ရောက်ပြီဖြစ်တဲ့ အတွက် အဝယ်များလာကာ ဈေးမာလာတယ်လို့ သိရပါတယ်။ ဇန်နဝါရီပထမပတ်နဲ့ ဒုတိယပတ်တို့မှာ သကြားအမိုျးအစားအလိုက် တစ်ပိဿာကို ၁၁၈ဝ ကျပ်၊ ၁၂ဝဝ ကျပ်၊ ၁၂၈ဝ ကျပ်ဈေးရှိကာ ဇန်နဝါရီ တတိယပတ်မှာ ၁၁၅ဝ ကျပ်၊ ၁၁၈ဝ ကျပ်၊ ၁၂ဝဝ ကျပ်ဈေးသို့ ကျဆင်းလာ ပါတယ်။ ယခုဇန်နဝါရီ နောက်ဆုံးပတ် လကုန်ပိုင်းမှာ သကြားအမိုျးအစား အလိုက် တစ်ပိဿာကို ၁၂၇ဝ ကျပ်၊ ၁၃ဝဝ ကျပ်၊ ၁၃၂ဝ ကျပ်ဈေးရှိကာ အမြင့်ဆုံးဈေးသို့ ရောက်ရှိလာပါတယ်။ ထို့အတူပွက် သကြား တစ်ပိဿာကို ၉၂ဝ ကျပ်၊ ပွက်ရည်တစ်ပိဿာကို ၇၆ဝ ကျပ်နဲ့ တင်လဲရည် တစ်ပိဿာကို ၃၂ဝ ကျပ်ထိ ဦးမော့လို့လာပါတယ်။ သကြားဈေးကို ဇန်နဝါရီတစ်လ လုံး ကြည့်မယ်ဆိုရင် အခု နောက်ဆုံးပတ်လ ကုန်ပိုင်းမှာ အမြင့်ဆုံး ဈေးရောက်ရှိကာ တစ်ကျော့ပြန်လည် ဦးမော့လို့လာပါတယ်။                                                                                                                                     ဇော်မင်းထွေး