Main menu

Background

တစ်ပင်ထဲမှ ခရမ်းချဉ်သီးနဲ့ အာလူးသီးအောင် လုပ်တတ်သူ

Fri, 02/19/2010 - 08:10 -- Anonymous (not verified)

    ခရမ်းချဉ်သီးနှင့် အာလူးကို တစ်ပင်တည်းမှ ဖြစ်ထွန်းစိုက်ပျိုးနိုင်သည့်  အပင်တစ်မျိုးကို ဗီယက်နမ်နိုင်ငံ Dat Lat မြို့တော် အလယ်ပိုင်းမှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ  Nguyen Thi Trang Nha က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

    ခရမ်းချဉ်သီးပင်အပေါ်ပိုင်းကို အာလူးပင်၏အောက်ခြေနှင့် ကိုင်းဆက်ပေးခြင်းဖြင့် ဖြစ်ပေါ်လာသော အပင်မျိုးတွင် အသီးနှစ်မျိုး စလုံးထွက်ရှိကြောင်း၊ ယင်းကိုစိုက်ပျိုးခြင်းဖြင့် သေးငယ်သောဧရိယာအတွင်း ဟင်းသီးဟင်းရွက်များ ပိုမိုထုတ်လုပ်နိုင်ကာ စိုက်ပျိုး သူများကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း Nha က ပြောဆိုခဲ့ပါတယ်။
    ခရမ်းချဉ်သီးနှင့်အာလူးကို ခွဲခြားစိုက်ပျိုးရန် မလိုတော့သဖြင့်  အချိန်ကုန် သက်သာခြင်းနှင့် အကန့်အသတ်ရှိနေသော  စိုက်ပျိုး မြေအတွင်း ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေကြောင်း စိုက်ပျိုးသူများအနေဖြင့် ဤသို့စိုက်ပျိုးနိုင်ခြင်းကြောင့် တစ်ဟက်တာ လျှင် ဗီယက်နမ်ဒေါင်ငွေ ၆သန်းမှ ၁၇ သန်း (ကန်ဒေါ်လာ ၃၁၅ မှ ၈၉၅) ထိ ရရှိနိုင်သဖြင့် သီးနှံတစ်မျိုးချင်းစီခွဲခြား စိုက်ပျိုးခြင်း ထက် ပိုမိုရရှိနိုင်မှာဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။
    ဒီစီမံကိန်းကို Nha သည် ဟိုချီမင်းမြို့တော် သစ်တောနှင့် စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသူဘဝကတည်းက နှစ်နှစ်ကြာ ဆောင်ရွက်ခဲ့ပြီး ယခု Dalat ၌ ထပ်မံစမ်းသပ်စိုက်ပျိုး ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ Nha ကတစ်နေ့တွင် လယ်သမားများ အတွက် အတိုင်းအတာပမာဏ ပိုမိုများပြားကြီးမားသည့် သီးနှံပင်အသစ်တစ်မျိုးကို စီမံဖော်ထုတ်ပေးနိုင်ရန် သူမ၏သုတေသန လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့တယ်လို့သိရှိရပါတယ်။