Main menu

Background

တရုတ်နှစ်သစ်ကူးနှင့် ကားဈေးကွက်

Mon, 03/01/2010 - 09:18 -- Anonymous (not verified)

  ယခုတစ်ပတ် ရန်ကုန်ကားဈေးကွက်အတွင်း တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် အရောင်းအဝယ်မရှိခဲ့ဘဲ ဈေးဆိုင်မှုများသာရှိခဲ့ ကြောင်း ဟံသာဝတီကားဈေးကွက်အတွင်းမှစုံစမ်းသိရသည်။   “တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် ကားဈေးကွက်က အရောင်းအဝယ်မရှိသလောက် ဖြစ်ခဲ့တယ်။ အောက်ကား တချို့ကို စုံစမ်းတဲ့လူရှိခဲ့ပေမယ့် တကယ်တမ်း စကားပြောတဲ့အခါ အလုပ်မဖြစ်ဘဲ ပျက်သွားတာများတယ်။ “ထ”အက္ခရာ၊ ဟိုင်းလတ် ၅ ချိတ်ဆိုရင် သိန်း ၉၀နဲ့ကမ်းလှမ်းတာရှိပေမယ့် နှစ်ဦးနှစ်ဖက် မဆိုင်ရသေးဘူး။ ၃က/လီမိတက်ဆိုရင် ကျပ်သိန်း ၃၅၀ ခေါ်တယ်။ အပေါ်ကားက အရောင်းအဝယ်ကို လုံးဝမရှိဘူး။ ကျွန်တော်တို့ဘက်က ပွဲခမရရင်နေ ရောင်းသူဝယ်သူ အဆင်ပြေအောင် ချိတ်ပေး ပေမယ့် ဝယ်မယ့်ဈေးနဲ့ ရောင်းမယ့်ဈေးကွာဟချက်  ကြီးမားလွန်းတော့ အလုပ်မဖြစ်ဘူး”ဟု ဟံသာဝတီ  ယာဉ်ရောင်းဝယ်ရေးစခန်း မှ  ဝါရင့်အကျိုးဆောင်တစ်ဦးက ပြောပြသည်။   ရန်ကုန် ကားဈေးကွက်အတွင်း ဝယ်လိုသူများအမြင့် ကားဝယ်စီးလိုသူများကြောင့်  အပေါ်ကားတချို့ အလဲအထပ် ဖြစ်ခဲ့ကြောင်း၊ အောက်ကားနဲ့ အလယ်ကားတချို့ စုံစမ်းမှုများရှိခဲ့သော်လည်း တကယ့်လက်တွေ့တွင် အလုပ်မဖြစ်ခဲ့ကြောင်း နှင့်လက်ရှိကား ဈေး ကွက်မှာ ရောင်းသူပေါ၍ ဝယ်သူကိုမျှော်ရသော ဈေးကွက်အခြေအနေသို့ ရောက်ရှိလျက်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း နိုင်ငံတော် လေလံပွဲများ ဆက်တိုက်ပြုလုပ်ခြင်း၊ တရုတ်နှစ်သစ်ကူးကာလသို့ ရောက်ရှိခြင်းကြောင့် ရန်ကုန် ကားဈေးကွက် အေးစက်လျက်ရှိ ကြောင်း သိရသည်။  မင်းသန့်