Main menu

Background

တရုတ်ပဲပုပ် ထပ်မံကျဆင်းဖွယ်ရှိ

Sat, 03/06/2010 - 02:05 -- Anonymous (not verified)

    တရုတ်နှစ်သစ်ကူးပွဲတော်တွေ ပြီးသွားတဲ့တိုင် တရုတ်နိုင်ငံမှာ ပဲပုပ်ဈေးနှုန်းက ဆက်လက်ကျဆင်းနေဆဲရှိတယ်လို့ ဆိုပါ တယ်။ ပဲပုပ်ဆီလက်ကားဈေးဟာ တစ်တန်ကို ယွမ် ၇၈ဝဝ (ကန်ဒေါ်လာ ၁၁၄၂)ရှိရာမှ ယွမ် ၇၄ဝဝ (ကန်ဒေါ်လာ ၁ဝ၈၄)ရှိလို့ တစ်လအတွင်း ယွမ် ၄ဝဝ (ကန် ဒေါ်လာ ၅၉)ခန့်ကျဆင်းခဲ့ပါတယ်။ ကုမ္ပဏီတော်တော်များများလက်ထဲမှာ လုံလောက်တဲ့ ဆီသိုလှောင်မှုတွေရှိတာကြောင့် စားဆီဈေးနှုန်း ကျဆင်းလာခြင်းဖြစ်ပါတယ်။     ဒါ့အပြင်အမေရိကန်က တင်သွင်းထားတဲ့ ပဲပုပ်တွေရောက်ရှိလာတာကြောင့် ပြည်ပတင်သွင်းတဲ့ ပဲပုပ်ဈေးဟာ ပြည်တွင်း ပဲပုပ်ဈေးထက် တစ်တန်ကို ယွမ် ၆ဝဝ (ကန်ဒေါ်လာ ၈၈) နိမ့်ကျလာခြင်းဖြစ်ပါတယ်။ ပြည်တွင်းပဲပုပ်တစ်တန်ကို ယွမ် ၃၇၄ဝ (ကန်ဒေါ်လာ ၅၄၈)ဈေးနဲ့ ဆီကြိတ်ခွဲမယ်ဆိုရင် ပဲပုပ်ဆီ တစ်တန်ကို ယွမ် ၇၆ဝဝ-၇၅ဝဝ ကန်ဒေါ်လာ ၁၁၁၃-၁ဝ၉၈ )ဈေးရှိပေမဲ့ လက်ရှိရောင်းချနေတဲ့ ပဲပုပ်ဆီလက်ကားဈေးက တစ်တန်ကို ယွမ် ၇၄ဝဝ (ကန်ဒေါ်လာ ၁ဝ၈၄)ဖြစ်နေတဲ့အတွက် ဆီထုတ် လုပ်သူများ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။    နွေရာသီပွဲတော်ကာလမှာ ဝယ်လိုအားလျော့ကျအုံးမှာဖြစ်လို့ ပဲပုပ်ဆီဈေးဟာ ကာလတိုအတွင်း ၅ ရာခိုင်နှုန်းခန့် ထပ်မံ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ယမင်းခင်