Main menu

Background

တောင်ကိုရီးယားမှာ မတ်လကစပြီး လျှပ်စစ်ကားများသုံးမည်

Fri, 02/26/2010 - 16:57 -- Anonymous (not verified)

    ကိုရီးယားနိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီသစ် စီတီအင်တီ ယူနိုက် တက်က ဘက်ထရီနဲ့မောင်းနှင်ရ တဲ့ နှစ် ယောက်စီးယာဉ် အီး-ဇုန်ကို စတင် ဖော်ထုတ်ပြသခဲ့ပါတယ်။ သဘာ၀ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ဒီကားကို လာမဲ့လကုန် ကစပြီး ရနိုင် တော့မှာဖြစ်ပြီး တစ်နာရီကို မိုင် ၆၀ ရာခိုင်နှုန်း မောင်းနှင်နိုင် မယ်လို့ ဆိုပါတယ်။    ဘက်ထရီ အားသွင်းချိန်က လေးနာရီကြာပြီး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ရှိပါမယ်။  ဒီလျှပ်စစ်ကားကို ဒက်ထရွိုက် မော်တော်ကားပြပွဲမှာ ပြသစဉ်က ကမ္ဘာတစ်လွှားက စိတ်ဝင် တစား ရှိခဲ့ပါတယ်။    ယာဉ်ထိန်းရဲတွေ အသုံးပြုဖို့အတွက် စီတီအင်တီက ယာဉ်စီးရေ ၂၂၀၀၀ ထုတ်လုပ်ဖို့စီစဉ်ထားပြီး အမေရိကန်ပြည်ထောင်စုက အမှာစာ ၄၀၀၀ ရရှိထားပြီးဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ခဲဘက်ထရီနဲ့ လစ်သီယမ် ဘက်ထရီပေါ်မူတည်ပြီး ဒေါ်လာ ၁၁၃၀၀ကနေ ဒေါ်လာ ၁၆၅၀၀ အထိရှိပါမယ်။    ဟွန်ဒိုင်းမော်တာကလည်း အိုင်-တင်းလျှပ်စစ်ကားကို ဖရန့်ဖတ် မော်တော်ကားပြပွဲမှာပြခဲ့ပါတယ်။ လာမဲ့နှစ်မှာ ကားတွေ စထွက်မှာဖြစ်ပါတယ်။                                Source: Koreakerald.co.Kr       ညဏ်တင် ပြုစုတင်ပြသည်