Main menu

Background

တောင်ကိုရီးယား ပို့ကုန်တို့ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်ရ

Fri, 02/19/2010 - 08:23 -- Anonymous (not verified)

    ထွန်းသစ်စနိုင်ငံတွေက ယေဘုယျအားဖြင့် သွင်းကုန်စည်းမျဉ်းဥပဒေများကို တင်းကျပ် လိုက်တဲ့အတွက် တောင်ကိုရီးယား ပို့ကုန် ကုန်စည်တွေဟာ ဒီဇင်ဘာလအတွင်းက  အိန္ဒိယနိုင်ငံ တွင် သွင်းကုန်တင်းကျပ်မှုများနဲ့ ရင်ဆိုင်နေရကြောင်း ကိုရီးယားကုန်သွယ်မှုရင်းနှီးမြှုပ်နံှမှု အေဂျင်စီရဲ့ အစီရင်ခံစာမှာ တွေ့ရှိရပါတယ်။    နိုင်ငံပေါင်း ၁၉ နိုင်ငံက ကိုရီးယားကုန်စည်တွေအပေါ် ကန့်သတ်ချက် ၁၂၂ ခုပြုလုပ် ခဲ့တဲ့အနက် အိန္ဒိယနိုင်ငံက သွင်းကုန်ကန့်သတ်ချက် ၂၇ ခု ပြုလုပ်တဲ့အတွက် ကန့်သတ်ချက် အမြင့်ဆုံး ဖြစ်နေပါတယ်။    သွင်းကုန် ကန့်သတ်ချက်ပြုရာမှာ တရုတ်က ၂ဝ၊ အမေရိကန်ပြည်ထောင်စုက ၁၅ ခု ၊ တူရကီက ၉ခု နဲ့ ရုရှားက ရှစ်ခု အသီးသီးရှိနေပါတယ်။ ပို့ကုန်အမယ်လိုက်ကြည့်ပါက ဓာတုဗေဒ ပစ္စည်း အများဆုံးကန့်သတ်ခံနေရပြီး ၄၆ ခုရှိပါတယ်။ သူ့နောက်မှာ သတ္တုုက ၂၉ ခုနဲ့ အဝတ်အထည်က ၂၁ ခု ရှိနေပါတယ်။ တရုတ်နဲ့ အိန္ဒိယဓာတုဗေဒပစ္စည်းတင်သွင်းမှုကို ထိန်း ချုပ်တာများပြီး အမေရိကန်ပြည်ထောင်စုနဲ့  ရုရှားကတော့  သံမဏိနဲ့ သတ္တုုပစ္စည်းတွေကို ထိန်း ချုပ်တာများတယ်လို့ ဆိုပါတယ်။Koreaherlad.com