Main menu

Background

တောင်ကြီးမှာ ပြောင်းနဲ့ ပဲစင်းငုံနီပုံမှန်အရောင်းအဝယ်ဖြစ်

Tue, 04/05/2011 - 06:15 -- Anonymous (not verified)

တောင်ကြီးကုန်စည်ဒိုင်

စဉ် အမျိုးအမည်          ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု
                                                    ယခင်အပတ် ယခုအပတ်
၁ ပဲစင်းငုံနီ(သေး)          ၁ ပိဿာ           ၉ဝဝ          ၈၆ဝ
၂ ပြောင်း                      ၁ ပိဿာ         ၂၂၅           ၂၄ဝ
၃ ပန်းနှမ်း                     ၁ ပိဿာ        ၁၁၈ဝ            ၁၂၂၅
၄ ပဲစင်းငုံနီ(ကြီး)            ၁ ပိဿာ          ၇၅ဝ              ၇၃ဝ

ဆက်သွယ်ရန် ဖုန်း-ဝ၈၁-၂၄၈၉၅

တောင်ကြီးမှာ ပြောင်းနဲ့ ပဲစင်းငုံနီပုံမှန်အရောင်းအဝယ်ဖြစ်

                       ဒေသထွက်ပြောင်း ကို မန္တလေးဝယ်လက်၊ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၄ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၅ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ဒါ့အပြင် ပဲစင်းငုံနီလုံးသေးနဲ့ လုံးကြီးကို လည်း ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာ ဈေးကျသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်းငုံနီသေးတစ်ပိဿာ ၈၆ဝ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)၊ ပဲစင်းငုံနီလုံးကြီးတစ်ပိဿာ ၇၃ဝ ကျပ်(တစ်တန်ကို ၄၄၇ဝ၄၄ ကျပ်)နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၃ဝဝဝဝ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။