Main menu

Background

ထွက်ပေါက်မဟာဗျူဟာကို ယခုနှစ်အတွင်း မဆောင်ရွက်နိုင်သေး

Wed, 02/24/2010 - 10:16 -- Anonymous (not verified)

    ယခုနှစ်အတွင်း ထွက်ပေါက်မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက သဘော တူညီကြကြောင်း ကိုရီးယားပြည်သူ့ဘဏ္ဍာရေးအဖွဲ့ လက်အောက်ရှိ ဘဏ္ဍာရေးလေ့လာဆန်း စစ်မှုဌာနအကြီးအကဲ ပတ်ဟောင် ဆူးက ပြောကြားပါတယ်။    စီးပွားရေးပြန်လည်နာလန်ထူလာပြီဖြစ်တဲ့အတွက် ဂျီ- ၇ အဖွဲ့ဝင် နိုင်ငံတွေက ထွက်ပေါက်မဟာဗျူဟာတွေချမှတ်ဖို့ စဉ်းစား လာခဲ့ပါတယ်။ အီးယူကလည်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေတွေကို စတင်ချုပ်ကိုင်လာပါတယ်။ ဒါပေမယ့် အဖွဲ့ဝင် နိုင်ငံတွေက အစိုးရအသုံးစရိတ်ကို တိုးမြှင့်လိုတဲ့ ဆန္ဒရှိနေပါတယ်။ ဘဏ္ဍာရေး လိုငွေပြနိုင်တဲ့ စိုးရိမ်မှုတွေရှိနေပေမယ့် စီးပွားရေး တွန်းအားပေးအစီအစဉ်တွေကို ဆက်ထားဖို့ ဂျီဆဲဗင်းနိုင်ငံတွေက သဘောတူထားပါတယ်လို့ ကေဘီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းရှင် ဂျူအိုင်ဟွန်က ပြောကြားပါတယ်။ နိုင်ငံကြီးတွေက ဘဏ်အတိုးနှုန်းတွေ မြှင့်တင်ပေးဖို့ ဝန်လေးနေကြတယ် လို့ သူကပြောပါတယ်။   ဆိုးလ်မြို့မှာ ဂျီ - ၂၀ ထိပ်သီးဆွေးနွေးပွဲကျင်းပတဲ့အခါ ယခင်ကဆောင်ရွက်ဖို့ ရည်မှန်းထားတဲ့ ထွက်ပေါက်မဟာဗျူဟာအစား စီးပွားရေးတွန်းအားပေး အစီအစဉ်ကိစ္စကို ဆွေးနွေးကြမယ်လို့လည်း ခန့်မှန်းထားပါတယ်။