Main menu

Background

ဒဗလျူတီအိုဖယ်သာဝိတ်တန်း စိန်ခေါ်ပွဲမှာ မန်နျူရယ်လိုပက်ဇ် ရွှေခါးပတ်ဆွတ်ခူး

Tue, 02/09/2010 - 06:45 -- Anonymous (not verified)

   အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မှာ ဇန်နဝါရီလ ၂၄ ရက်နေ့က ထိုးသတ်ခဲ့တဲ့ လက်ရှိချန်ပီယံအမေရိကန် လက်ဝှေ့ကျော် လူရီဗာနိုနဲ့ ပွာတိုရီကို နိုင်ငံသား လက်ဝှေ့ကျော် မန်နျူရယ်လိုပက်ဇ်တို့ရဲ့ပွဲမှာ မန်နျူရယ်လို ပက်ဇ်က ဒဗလျူတီအိုဖယ်သာ ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲမှာ အနိုင်ရရှိသွားခဲ့ပါတယ်။   မန်နျူရယ်လိုပက်ဇ်ဟာ ဒဗလျူတီအို စူပါဘင်တန်ဝိတ်တန်းချန်ပီယံ ဟောင်းတစ်ဦးဖြစ်ပြီး၊ဖယ်သာဝိတ်တန်း သို့ တန်းတက်ထိုး ခြင်းဖြစ်ပါတယ်။ ဒီပွဲဟာ လိုပက်ဇ်ရဲ့ဖယ်သာဝိတ်တန်းပထမ ဆုံးပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီပွဲမှာ လိုပက်ဇ်ဟာ လူရီဗာနိုကို ဘယ်ညာ လက်သီးတွဲလုံးတွေနဲ့ အဆက်မပြတ် ထိုးသတ်ခဲ့ရာ ၅ ချီမြောက်မှာ ပြိုင်ဖက် လူရီဗာနို အလူးအလဲခံနေရပြီး ၇ ချီ မြောက်မှာလူရီဗာနိုဟာဘယ်ဘက်မျက် လုံးအောက်ကွဲခဲ့ပြီး နှာခေါင်းမှလည်း သွေးများယိုစီးလာတာကြောင့် လိုပက်ဇ် ကို အရှုံး ပေးလိုက်ရပါတော့တယ်။   လိုပက်ဇ်ဟာလက်ဝှေ့ကစားသမား ဘဝတစ်လျှောက် ၂၈ ပွဲထိုးသတ်ရာမှာ ရှုံးပွဲမရှိဘဲ ပွဲတိုင်းအနိုင်ရထားတဲ့သူ တစ်ဦးဖြစ် ပါတယ်။ ဒဗလျူတီအိုဖယ်သာဝိတ်တန်းချန်ပီယံဘွဲ့ကို ပူပူနွေးနွေး ရရှိထားတဲ့လိုပက်ဇ်ဟာ ပထမဦးဆုံး ချန်ပီယံသရဖူကာကွယ်ပွဲ အဖြစ် ကျူးဘားမှ ဂမ်ဘိုအာနဲ့ ယှဉ်ပြိုင်ထိုးသတ်ရဖွယ် ရှိကြောင်း သုံးသပ်လျက်ရှိကြပါတယ်။