Main menu

Background

ဒိုဟာဆွေးနွေးပွဲ အောင်မြင်ဖို့အလားအလာရှိနေ

Fri, 02/19/2010 - 09:09 -- Anonymous (not verified)

    ကမ္ဘာ့ကုန်သွယ်ရေးဆွေးနွေးပွဲဖြစ်တဲ့ ဒိုဟာဆွေးနွေးပွဲတွေဟာ အောင်မြင်စွာအဆုံးသတ်နိုင် ဖို့ အလားအလာရှိနေကြောင်း၊  သို့သော် နိုင်ငံရေးစွမ်းအားဖြင့် တွန်းအားပေးဖို့ လိုနေသေးကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) ခေါင်းဆောင် ပါစကယ်လာမီက ဖေဖော်ဝါရီလ ၉ ရက်က ပြောကြားပါတယ်။    ၂ဝ၁ဝ ပြည့်နှစ် ဇွန်မှာ ကနေဒါနိုင်ငံမှာကျင်းပမယ့် ဂျီတွမ်တီးခေါင်းဆောင်များရဲ့ ထိပ်သီး အစည်းအဝေးဟာ ဒိုဟာဆွေးနွေးပွဲတွေအတွက် နိုင်ငံရေးဆန္ဒကို အဓိကစမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မယ်လို့ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ လာမီက ပြောပါတယ်။    ၂ဝဝ၁ ခုနှစ် စခဲ့တဲ့အစည်းဝေးတွေဟာ ၂ဝဝ၈ ခုနှစ်မှာ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြိုကွဲခဲ့ရ ပါတယ်။ အဓိကအားဖြင့် ချမ်းသာတဲ့နိုင်ငံတွေက လယ်သမားတွေကို အကာအကွယ်ပေးနေမှုနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက စက်မှုထုတ်ကုန်တွေဝင်လာတာကို အဟန့်အတားပြုနေတဲ့ ကိစ္စနဲ့ပတ် သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပကတစ်ဖက် အိန္ဒိယနဲ့ တရုတ်နိုင်ငံက တစ်ဖက် အငြင်းပွားရာက ပြိုကွဲခဲ့ရတာဖြစ်ပါတယ်။    ၂ဝဝ၉ ခုနှစ် ဂျီတွမ်တီးခေါင်းဆောင်များရဲ့အစည်းအဝေးမှာတော့ ဒိုဟာ  ဆွေးနွေးပွဲတွေကို   ၂ဝ၁ဝ ပြည့်နှစ်မှာ အဆုံးသတ်ဖို့ ရည်မှန်းချက်ချမှတ်ထားပါတယ်။ ယခုနှစ်အတွင်း သဘော တူညီချက်ရနိုင်ဖို့အတွက် မတ်လမှာ လိုအပ်ချက်တွေပြင်ဆင်သွားဖို့ရှိပါတယ်။ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့  ကုန်သွယ်ရေးဝန်ကြီးတွေရဲ့ ဒါဖို့စ်ဖိုရမ်မှာ သဘောတူညီချက်ရနိုင်ဖို့ အလား အလာ တွေ မှေးမှိန်နေတာတွေ့ရပါတယ်။ လွှတ်တော်ရွေးကောက်ပွဲကိစ္စနဲ့ ပြည်တွင်းနိုင်ငံရေးအပေါ်မှာ သာ အာရုံစိုက် လုံးပန်းနေတဲ့အတွက် အိုဘားမားကို အများကပြစ်တင်မှုတွေလဲရှိခဲ့ပါတယ်။    ၂ဝဝ၉ ခုနှစ်က တိုးတက်မှုတွေနှေးကွေးခဲ့တဲ့ ဆွေးနွေးပွဲဟာ ပြဿနာအရပ်ရပ်ရဲ့ ၂ဝ ရာခိုင်နှုန်းလောက်က သောင်မတင် ရေမကျရှိနေသေးတယ်လို့ လာမီက ပြောပါတယ်။ Source: reuter.com