Main menu

Background

ဒီဇယ်ဈေးနှုန်းများငြိမ်နေ သြင်္ကန်ရက်အတွင်း ဒီဇယ်ဈေးမတက်နိုင်ဟုဆို

Thu, 03/11/2010 - 04:17 -- Anonymous (not verified)

     ယခုလတ်တလော  ဒီဇယ်ဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး သြင်္ကန်ပွဲတော်ရက်အတွင်း နှစ်စဉ်ဒီဇယ် ဈေးနှုန်းများ တက်ခဲ့ သော်လည်း ယခုနှစ် သြင်္ကန်ပွဲတော်တွင် ဒီဇယ်ဈေးများ မတက်နိုင်ဟု ဒီဇယ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။     ''အခုလောလောဆယ် ဒီဇယ်ဈေးငြိမ်နေတာ   တစ်ပတ်လောက်ရှိပြီ။ အတက်အကျ မရှိဘူး။  ကမ္ဘာ့ရေနံဈေးကော၊ ပြည်တွင်း ဒီဇယ်ဈေးပါ ငြိမ်နေတယ်။ နောက်ပြီး သြင်္ကန်ပွဲတော်ဆိုရင် နှစ်တိုင်း ဒီဇယ်ဈေးတက်တယ်။ သြင်္ကန်မှာဆိုရင် မဏ္ဍပ်တိုင်းက မီးစက်သုံးရတော့ ဒီဇယ်ကမရှိမဖြစ် လိုအပ်တယ်။ ဒါပေမယ့် ဒီနှစ်ကို ဒီဇယ်ဈေး မတက်နိုင်ဘူးလို့ ခန့်မှန်း နေကြတယ်။ ဘာလို့လဲဆိုတော့ များများရှိတဲ့ ပစ္စည်းက ဈေးမတက်ဘူး။  အခုလက်ရှိက ဒီဇယ်ဆီတွေကို ပုဂ္ဂလိကတွေက အပြိုင်အဆိုင်တင်သွင်းနေကြတော့ ဒီဇယ်တွေ များများရှိလေ ဈေးမတက်လေပဲ။ အခုလည်းဈေးက ငြိမ်နေတယ်'' ဟု ၎င်းကပြောသည်။ ဒီဇယ်ဈေးနှုန်းများမှာလည်း ယခုလက်ရှိ  ဈေးကွက်အတွင်းတွင် ဒီဇယ်တစ်ပီပါ  ၁၅၂ဝဝဝ-၁၅၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ပြုနေကြပြီး ကမ္ဘာ့ရေနံဈေးမှာလည်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈ဝ ဝန်းကျင်ဖြင့် ဈေးငြိမ် နေကြောင်းသိရသည်။မင်းသန့်