Main menu

Background

ဒီဇယ်ဈေးနှုန်းများ ဆက်လက်ကျဆင်း

Wed, 02/10/2010 - 09:49 -- Anonymous (not verified)

    ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ဒီဇယ်ဈေးနှုန်းများမြင့်တက်ခဲ့ပြီးနောက် ဆက်တိုက် ဆိုသလိုပင် တစ်ရိပ်ရိပ်ပြန်လည်ကျဆင်းခဲ့ရာ ယခုတစ်ပတ်တွင်လည်း ဒီဇယ်ဈေးနှုန်းများ ထပ်မံ ကျဆင်းလာတယ်လို့ သိရပါတယ်။     ''ဒီဇယ်ဈေးတွေက တောက်လျောက်ကို ဆက်တိုက်ကျနေတာ။ ဒီဇယ်ဈေးက ကမ္ဘာ့ရေနံ ဈေးတက်ရင် ဒီဇယ်ဈေးတက်သလို အခုကမ္ဘာ့ဈေးကပါ ဆက်တိုက်ကျလာတော့ ပြည်တွင်း ဒီဇယ်ဈေးပါ ကျလာတယ်။ အခုပုံစံအတိုင်းဆိုရင် ဒီဇယ်ဈေးက ဆက်ကျမယ်လို့တောင် ဒီဇယ် လုပ်ငန်းရှင်တွေက သုံးသပ်နေကြတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက အပြိုင်အဆိုင်တင်သွင်း လာလို့ ဈေးနှုန်းတည်ငြိမ်လာတာလို့ ထင်တယ်။ ခုလိုဒီဇယ်ဈေးနှုန်းတွေ ကျဆင်းလာသလို အရည်အသွေးပါ ကောင်းမွန်လာမယ်ဆိုရင် သုံးစွဲသူတွေအတွက် ပိုပြီးအဆင်ပြေမှာပါ'' ဟု ဒီဇယ် ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။    ယခုလတ်တလောတွင် ဒီဇယ်ဈေးနှုန်းများကျဆင်းလာသလို ဒီဇယ်ဆီနှင့် ပတ်သက်သည့် လုပ်ငန်းများဖြစ်သော စက်လှေပိုင်ရှင်များ၊ စက်ရုံ၊ အလုပ်ရုံပိုင် ရှင်များ၊ ကုန်တင်ယာဉ် ပိုင်ရှင်များ၊ စားသောက်ဆိုင်များ၊ အင်တာ နက်ဆိုင်များနှင့် ဂိမ်းဆိုင်များပါ တွက်ခြေကိုက်လာ၍ အဆင်ပြေမှုများရှိလာကြောင်းနှင့် ဒီဇယ်ဆီ ဈေးနှုန်းများ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် တစ်ပီပါ ၁၅၁ဝဝဝ ကျပ်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒီဇယ်တစ်ပီပါ ၁၄၈ဝဝဝ ကျပ်ကို ထပ်မံကျ ဆင်းလာတယ်လို့ သိရပါတယ်။        မင်းသန့်