Main menu

Background

ဒီဇယ်ဈေးနှုန်းများ ပြောင်းလဲလာ

Sat, 03/06/2010 - 05:30 -- Anonymous (not verified)

     ယခုအခါတွင် ဒီဇယ်ဈေးနှုန်းများ မှာ ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည် မြင့်တက်လာတာကြောင့်  ပြည်တွင်း ဒီဇယ်ဈေးနှုန်းများပါ  မြင့်လာတယ်လို့ သိရပါတယ်။      ''အခု ဒီဇယ်ဈေးတွေက အကျ ရိပ်တွေပဲပြနေလို့ ဈေးငြိမ်တော့မယ်လို့ ထင်နေတာ။ အခု  ထင်သလိုမဖြစ်ဘဲ   ကမ္ဘာ့ရေနံဈေးက ပြန်ပြီး နည်းနည်းမြင့် လာတဲ့အတွက် ပြည်တွင်းဒီဇယ်ဈေးပါ မြင့်တက်လာတယ်။ အခု  ကမ္ဘာ့ရေနံ ဈေးကလည်း အစ္စရေးနဲ့ အီရန်နိုင်ငံရေး တင်းမာမှုကြောင့် ဈေးတွေ တက်လာ တာလို့ သိရတယ်။ ဒီဇယ်ဈေးဆိုတာ ကလည်းကမ္ဘာ့ရေနံဈေးအပေါ် မူတည် နေတာမို့ အခုလိုမြင့်လာတယ်။ ကမ္ဘာ့ သုတေသီတွေကဆိုရင် ကမ္ဘာ့ရေနံဈေး ကို တစ်စည်ကို ကာလတိုမှာ ၈ဝ ဝန်း ကျင်နဲ့  ကာလ ရှည်မှာတော့  ၁ဝဝ ဒေါ်လာအထိ ရောက်မယ်လို့ ခန့်မှန်းနေကြတယ်။ ဒီလိုသာ တက်လာမယ်ဆိုရင် ပြည်တွင်းဒီဇယ်ဆီဈေး တွေလည်း ဈေးကွက်နဲ့အညီဖြစ်နိုင်တယ်''လို့ ဒီဇယ် ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။      ယခု လတ်တလော ကမ္ဘာ့ရေနံ ဈေးနှုန်းများမှာ တစ်စည်လျှင် ဒေါ်လာ ၇၉ အထိ မြင့်တက်လာခဲ့ပြီး  ပြည်တွင်း ဒီဇယ်ဆီဈေးနှုန်း များမှာ တစ်ပီပါလျှင် ၁ သိန်းခွဲဝန်းကျင် ဈေးရှိကြောင်း စုံစမ်းသိရှိရပါတယ်။                                                                                                                                          မင်းသန့်