Main menu

Background

ဒီနှစ် ပထမသုံးလအတွင်း စားအုန်းဆီကြမ်းဈေးနှုန်း ဆက်လက်ခိုင်မာမယ်လို့ ခန့်မှန်း

Wed, 02/17/2010 - 03:37 -- Anonymous (not verified)

     ယခုနှစ် ပထမသုံးလအတွင်း စားအုန်းဆီကြမ်းဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိပြီး ဒုတိယသုံးလအတွင်းမှာတော့ တောင်အမေရိ ကားမှာ ပဲပုပ်စတင် ရိတ်သိမ်းတော့မှာဖြစ်လို့ စားအုန်းဆီကြမ်းဈေးနှုန်း ကျဆင်းနိုင်တယ်လို့ MIDF သုတေ သနဌာနက ခန့်မှန်းထားပါ တယ်။ ဒါ့အပြင် ဆိုင်ကလုန်းကြောင့် စားအုန်းဆီ စုစုပေါင်း ထုတ်လုပ်မှုလည်း ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။      ၂၀၁၀ ခုနှစ် ဇန်နဝါရီလအတွင်း စုစုပေါင်းထွက်ရှိမှုဟာ ယခင်လကထက် ၁၃ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး မနှစ်ကကာလတူ ထက် ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန် ၁ ဒသမ ၃၂ သန်းသာ ထွက်ရှိခဲ့ပါတယ်။ ပုံမှန်အားဖြင့် နိုဝင်ဘာလမှ ဖေဖော်ဝါရီ လအတွင်း အထွက်နှုန်း ကျဆင်းတတ်တယ်လို့လည်း MIDF က ဆိုပါတယ်။      ၂၀၁၀ ခုနှစ်အတွင်း စားအုန်းဆီကြမ်းဈေးနှုန်းဟာ တစ်တန်ကို မလေးရှား ရင်းဂစ် ၂၄၅၀ (ကန်ဒေါ်လာ ၇၁၃ ဒသမ ၄၅) ရှိနိုင်ပြီး ၂၀၁၁ ခုနှစ်မှာ ရင်းဂစ် ၂၆၅၀  (ကန်ဒေါ်လာ ၇၇၁ ဒသမ ၆၉) ဈေးရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ှ                                                                                                               Sources: Bernama.com ယုဇန