Main menu

Background

ဒုတိယအကြိမ်အင်းလေးမြန်မာ့သစ်ခွ ပန်းပြပွဲကျင်းပမည်

Mon, 03/01/2010 - 09:38 -- Anonymous (not verified)

  ဒုတိယအကြိမ်အင်းလေးမြန်မာ့ သစ်ခွပန်းပြပွဲကို ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ   ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၌ ကျင်းပသွား မည်ဟုသိရသည်။    အဆိုပါ ပြပွဲတွင် ပြည်တွင်း သစ်ခွ ပန်းမျိုးအုပ်စု ၁၉အုပ်စုမှ ပန်းပင်မျိုး ၂၀၀ ကျော်ကို ပြသသွား မည့်အပြင် ဒေသခံများက နေအိမ် ရှေ့တွင် သစ်ခွပန်းများကို ချိတ်ဆွဲ ကာ ကြိုဆိုကြမည်ဟု တောင်ကြီးဇုန် ဟိုတယ်လုပ်ငန်းရှင်အသင်းမှ  သိရ သည်။   ယင်းပြပွဲနှင့်အတူ  Save The Children  မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အသိပညာပေးပြခန်းများ၊ ဘွန်ဇိုင်း ဝါသနာရှင်များ၏ လက်ရာများ၊ ဟိုတယ် ပြခန်းများစသည်ဖြင့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။   ပထမအကြိမ် အင်းလေးမြန်မာ့ သစ်ခွပြပွဲကို ၂၀၀၉ ခုနှစ် မတ်လ အတွင်းက ကျင်းပခဲ့ပြီး ယခုကဲ့သို့ ပွဲတော်များကျင်းပရခြင်းမှာ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင် ရေးအတွက်ဖြစ်ကြောင်း ဟိုတယ် လုပ်ငန်းရှင်များက ပြောသည်။ လွင်လွင်မိုး