Main menu

Background

ဒေသသုံးငါးသာမက စက်ရုံသုံး ဟိုတယ်စားငါးအဖြစ် ထိုင်းနိုင်ငံရောက် တန်ဖိုးမြင့် မြန်မာ့ငါး

Tue, 02/23/2010 - 10:02 -- Anonymous (not verified)

ူဖေဖော်ဝါရီလ ဒုတိယပတ်မှာတော့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ရေထွက်ကုန် ကန်ဒေါ်လာ ၃ သိန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ငါးမျိုးစုံကို အများဆုံးတင်ပို့နိုင်ခဲ့ပြီး ပဲတင်ပို့မှုက ဒုတိယလိုက်ပါတယ်။ ကဏန်း တင်ပို့မှုက တတိယနေရာမှာရှိပါတယ်။ ရနောင်းဈေးကွက်မှာ ငါးများကို အရည်အသွေးအလိုက်၊ အမျိုးအစားအလိုက် အုပ်စုခွဲပြီး စက်ရုံသုံးငါး၊ ဟိုတယ်စားငါး၊ ဒေသသုံးငါးများအဖြစ်ခွဲထုတ်ကာ ပြန်လည်ဖြန့်ခွဲ ရောင်းကြတာဖြစ်ပါတယ်။လတ်ဆတ်ပြီး အရည်အသွေးကောင်းတဲ့ငါး၊ ဈေးကြီးတဲ့ငါးများဖြစ်တဲ့ ငါးပါးနီ၊ ကျောက်ငါး၊ ဘီးဇင်း၊ ကုလားကုတ်၊ ငါးမှုန့်ဖြူ၊ ငါးမှုန့်မဲ၊ ငါးသလောက်၊ ကျွဲရင်၊ ကကတစ်ငါးများကို ပြန်လည်ထုပ်ပိုးပြုပြင်ကာ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း နိုင်ငံများသို့ အဓိကတင်ပို့ကြပါတယ်။ မလေးရှားနယ်စပ် နရသီဝပ်ကို ရနောင်းမှ ခရီးမိုင် ၃၅၅ မိုင်အကွာမှာရှိပြီး အအေးခန်းကားများနဲ့သွားလျှင် ၉ နာရီခရီးသာကြာမြင့်တဲ့အတွက် အချိန်တိုအတွင်း တစ်ဆင့်တင်ပို့နိုင်သော အခြေအနေမှာရှိပါတယ်။ ရနောင်းမှ ရေထွက် ပစ္စည်းများကို ဖူးခက်လေဆိပ်၊ ဘောင်ခလာဆိပ်ကမ်းတို့မှ ပြည်ပသို့ တင်ပို့နိုင်ပါတယ်။စက်ရုံသုံးငါးများအဖြစ် ပလာတူး၊ ပလာလန်း၊ ပလာတူးခက်များ၊ အသားလွှာစက်ရုံအတွက်  ငါးပါးနီ၊ ကုလားကုတ်၊ ငါးချဉ်ပေါင်းများ၊ အသားကြိတ်စက်ရုံအတွက် ငါးသေး^မွှားများနဲ့ စွန့်ပစ်ငါးများကို အသုံးပြုပြီး မဟာချိုင်စက်မှုဇုန်နဲ့ ရနောင်းစက်ရုံ၊ မလေးရှားတို့ကို ဖြန့်ခွဲရောင်းချလျက်ရှိပါတယ်။ စက်ရုံများကထွက်တဲ့ ငါးကုန်ချော ထွက်ကုန်များကို ဘန်ကောက်ဈေးကွက်မှတစ်ဆင့် ပြည်တွင်းပြည်ပဈေးကွက်များသို့ ဆက်လက်ဖြန့်ဖြူးရောင်းချတယ်လို့ သိရပါတယ်။ ယမန်နှစ်က ဧပြီလမှ ဒီဇင်ဘာလကုန်ထိ ရေထွက်ကုန် တန်ချိန် ၁၅၇၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်ကာလတူမှာ ရေထွက်ကုန် တန်ချိန် ၂၃၃၀၀ ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာ တန်ချိန် ၇၆၀၀ ကျော်၊  တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ သန်းကျော်ဖိုး ကော့သောင်းနယ်စပ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။                                              source:  နကသ (ကော့သောင်း)