Main menu

Background

ဒေါ်လာတန်ဖိုးမြင့်တက်လာတာကြောင့်ပဲပုပ်ဈေးနှုန်းကျဆင်း

Tue, 02/23/2010 - 08:16 -- Anonymous (not verified)

     ဒေါ်လာတန်ဖိုးမြင့်တက်လာခြင်းက အမေရိကန် ပဲပုပ်ကို ဝယ်လိုအားနည်း စေတာကြောင့် သီတင်းပတ် လေးပတ် အတွင်း ပဲပုပ် ဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ယူရိုတန်ဖိုးနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာတန်ဖိုးက ၁ ဒသမ ၂ ရာခိုင်နှုန်းခန့်မြင့် တက်လာတာရယ် တောင် အမေရိကမှာ နောက်သုံးပတ်အတွင်း ပဲပုပ်ရိတ်သိမ်းမှု တိုးတက်လာမယ့် အခြေအနေတွေရယ်နဲ့ အမေရိကန်ပဲပုပ်ကို အဝယ် လျော့ ကျသွားတာရယ်ကြောင့် ပဲပုပ် ကြိုပွိုင့်ဈေးများ ကျဆင်းခဲ့တာဖြစ်ပါ တယ်။      ချီကာကိုမှာ  လွန်ခဲ့တဲ့  လေးရက် အတွင်း မေလစာချုပ်အတွက် ပဲပုပ် တစ်ဘူရှယ် (၂၇ ကီလို)ကို ၀ ဒသမ ၉  ရာခိုင်နှုန်းကျ ဆင်းပြီး ကန်ဒေါ်လာ ၉ ဒသမ ၆၅၅ ဈေးဖြစ်ခဲ့ပြီး ဖေဖော် ဝါရီလ ၁၆ ရက်နေ့မှာတော့ ကန်ဒေါ် လာ ၉ ဒသမ ၇၅ ထိပြန်လည်မြင့် တက် လာလို့ ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။                                                                                                                   ယမင်းခင်                                                                                                         Sources: bloonberg.com