Main menu

Background

ဓာတ်ဆီ/ဒီဇယ်

Tue, 03/23/2010 - 04:12 -- Anonymous (not verified)

ဒီဇယ်အဝင်ပျော့ပင်လယ်ရေကြောင်းကနေ ဒီဇယ်အဝင်ကတော့ တန်ချိန် နှစ်သောင်းလေး ထောင်ကျော်(ပီပါ ၁၈၅ဝဝဝ) တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်တွင်းက ဆိပ်ကမ်း ကဝင်လာမှုနဲ့ယှဉ်ရင် တန်ချိန်တစ်သောင်းကျော်၊ ပီပါ ခြောက်သောင်းခွဲကျော်ကျော် ခန့် လျော့ဝင်ခဲ့ကြောင်း သိရပါတယ်။ဓာတ်ဆီလက်လီဈေးမြင့်ပြည်တွင်းဈေးကွက်များအနက် ရန်ကုန်ဈေးကွက်မှာတော့ လက်လီဓာတ်ဆီ ဈေး ဈေးမြင့်တယ်လို့ဆိုပါတယ်။ ရာသီဥတုက ပူအိုက်မှုဘက်ကို တိုးလာနေသလို မကြာမီကျရောက်မည့် မြန်မာနှစ်သစ်ကူးပျော်ရွှင်ပွဲများ၊ အပန်းဖြေခရီးများ စသည့် အားလပ်ရက်ရှည်ပွဲများအတွက် လိုအပ်ချက်များကို တည်မှီကာ ဈေးကွက်၌ ဈေး အနည်းငယ်မြင့်လာကြောင်း လက်လီ ဆီအရောင်းအဝယ်သမားတစ်ဦးက ပြောပါ တယ်။ ''လက်လီဈေးပြီးခဲ့တဲ့အပတ်ထဲက တစ်ဂါလန်ကို ၃၄ဝဝ-၃၅ဝဝ နဲ့ ရောင်းနေ တယ်။ ရောင်းရတယ်။ ဒီအပတ်လဲ ဈေးက ၃၅ဝဝ-၃၆ဝဝ အကြား ဈေးခေါ်ပြီး ရောင်းတယ်'' လို့ 0x158င်းကပြောပါတယ်။ ဓာတ်ဆီဈေးမှာ ၅ဝ ဂါလန် ဓာတ်ဆီတစ်ပေ ပါလျှင် ကျပ် ၁၇ဝဝဝဝမှ ကျပ် ၁၈ဝဝဝဝအတွင်း အရောင်းအဝယ်ရှိခဲ့ပြီး ဒီဇယ်ဆီ တစ်ပေပါလျှင် ကျပ် ၁၅၅ဝဝဝ မှ ကျပ် ၁၅၈ဝဝဝ အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။ဈေးကွက်အတွင်း ရောင်းချခဲ့သော ဓာတ်ဆီ၊ ဒီဇယ် တစ်ဂါလန်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်- ၂ဝ၁ဝ                            ဓာတ်ဆီ (ကျပ်)                                ဒီဇယ်(ကျပ်)            မတ်       ရန်ကုန်    မန္တလေး   ရန်ကုန်    မန္တလေး            ၁၅         ၃၅ဝဝ     ၃၈ဝဝ     ၃၂ဝဝ     ၃၄ဝဝ                 ၁၆         ၃၅ဝဝ     ၃၈ဝဝ     ၃၂ဝဝ     ၃၄ဝဝ            ၁၇         ၃၆ဝဝ     ၃၇ဝဝ     ၃၂ဝဝ     ၃၄ဝဝ            ၁၈         ၃၆ဝဝ     ၃၇ဝဝ     ၃၂ဝဝ     ၃၄ဝဝ            ၁၉         ၃၆ဝဝ     ၃၇ဝဝ     ၃၂ဝဝ     ၃၄ဝဝဒေသတွင်းသုံး ဒီဇယ်တင်သွင်းမှုမြင့်တက် တာချီလိတ်နယ်စပ်စခန်းမှ ယခုအပတ်မှာ ဒီဇယ်ဆီ ၁၉၃၈ဝဝ ဂါလန် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၃၈၁သန်း၊ ဓာတ်ဆီ(နီ/ဝါ) ၁၅၄၃၈၆ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၂၈၄ သန်းဖိုး တာချီလိတ်ဒေသတွင်း သုံးစွဲရန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၁၇၈၆ဝ ဂါလံ ပိုမိုတင် သွင်းခဲ့ပြီး ဓာတ်ဆီတင်သွင်းမှုမှာတော့ ဂါလန် ၁၆၄၁၄ လျော့နည်းတင်သွင်းခဲ့ပါ တယ်။ အခြားနယ်စပ်များမှ ယခုအပတ်မှာ ဓာတ်ဆီ/ဒီဇယ် တင်သွင်းမှုမရှိခဲ့ဘဲ တာချီလိတ် နယ်စပ်စခန်းတစ်ခုတည်းကသာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ တာချီ လိတ်နယ်စပ်က ဓာတ်ဆီနဲ့ဒီဇယ်ဆီပေါက်ဈေးတွေကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                        မိမိဘက်(ကျပ်)      ထိုင်းနိုင်ငံဘက်(ဒေါ်လာ)            ဒီဇယ်ဆီ  ၃၂၂၇     ၃ .၂၂            ဓာတ်ဆီ(နီ)          ၂၉၄၆     ၂ .၉၅            ဓာတ်ဆီ(ဝါ)          ၃ဝ၈၆     ၃ .ဝ၈MIRT-DOBTနယ်စပ် စက်သုံးဆီဈေးနေ့အလိုက် နယ်စပ်စခန်းများရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီလက်လီဈေးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်- ၂ဝ၁ဝ                            ဓာတ်ဆီ (ကျပ်)                                ဒီဇယ်(ကျပ်)            မတ်       တရုတ်    ထိုင်း      တရုတ်    ထိုင်း            ၁၅         ၃၂ဝဝ     ၃၂ဝဝ     ၃၄ဝဝ     ၃၂ဝဝ                 ၁၆         ၃၂ဝဝ     ၃၂ဝဝ     ၃၄ဝဝ     ၃၂ဝဝ            ၁၇         ၃၂ဝဝ     ၃၂ဝဝ     ၃၄ဝဝ     ၃၂ဝဝ            ၁၈         ၃၂ဝဝ     ၃၂ဝဝ     ၃၄ဝဝ     ၃၂ဝဝ            ၁၉         ၃၂ဝဝ     ၃၂ဝဝ     ၃၄ဝဝ     ၃၂ဝဝ