Main menu

Background

ဓာတ်ဆီ၊ ဒီဇယ်

Fri, 02/26/2010 - 15:41 -- Anonymous (not verified)

ဒီဇယ်ပိုမိုတင်သွင်း     ယခုအပတ်အတွင်း ပင်လယ်ရေကြောင်းကနေ ကုမ္ပဏီအသီးသီးက ဒီဇယ် ဆီ တင်သွင်းကြရာမှာ တန်ချိန် ၂၂၃၂၀ မတန် (၁၆၇၄၀၂ ပီပါ) တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၂၀၂၅၁ တန်တင်သွင်းခဲ့တာမို့ ဒီတစ်ပတ်မှာ ဒီဇယ်ဆီတင်သွင်းမှု ၂၀၆၉ တန်ခန့် ပိုမိုသွင်းလာတာ တွေ့ရပါတယ်။နယ်စပ် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်း     နယ်စပ်ဒေသအသီးသီးမှာတော့ ဒီဇယ်၊ ဓါတ်ဆီဈေးတွေ အပြောင်းအလဲသိပ် မရှိဘဲ ငြိမ်နေတာတွေ့ရပါတယ်။  ဖေဖော်ဝါရီ       ဓာတ်ဆီ (ကျပ်)          ဒီဇယ်(ကျပ်)      ရက်          တရုတ်     ထိုင်း      တရုတ်        ထိုင်း      ၁၁           ၃၄၀၀      ၃၀၀၀      ၃၃၀၀       ၃၀၀၀       ၁၃          ၃၄၀၀       ၃၀၀၀      ၃၃၀၀       ၃၀၀၀      ၁၅          ၃၄၀၀       ၃၀၀၀      ၃၃၀၀       ၃၀၀၀      ၁၆          ၃၄၀၀       ၃၀၀၀      ၃၃၀၀       ၃၀၀၀      ၁၇          ၃၄၀၀      ၃၀၀၀      ၃၃၀၀         ၃၀၀၀တာချီလိတ်နဲ့ မြဝတီ တင်သွင်းနေပြီ     ဖေဖော်ဝါရီလ၊ တတိယပတ်အတွင်း မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇယ်ဆီ ၂၅၆၃ ဂါလန်နဲ့ တာချီလိတ် နယ်စပ်ကုန် သွယ်ရေးစခန်းမှ ဒီဇယ်ဆီ ၇၂၈၈၈ ဂါလန်၊ ဓာတ်ဆီ ၄၆၂၂၂ ဂါလန်ကို တစ်ဖက်နိုင်ငံမှ တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်က တင်သွင်းတဲ့ ဒီဇယ်ဆီမှာ ပုဂ္ဂလိကပိုင် အနေနဲ့ တင်သွင်းခဲ့တာဖြစ်ပြီး တစ်ဂါလန်ကို ၂ ဒသမ ၇၃ ဒေါ်လာဈေးနဲ့သွင်းခဲ့ပါ တယ်။ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးမှတင်သွင်းတဲ့ ဒီဇယ်ဆီနဲ့ ဓာတ်ဆီကတော့  ဏြဏန မှ တင်သွင်းတာဖြစ်ပြီး ဒီဇယ်ဆီ တစ်ဂါလန်ကို ၁ ဒသမ ၉ ဒေါ်လာနဲ့ ဓာတ်ဆီ တစ်ဂါလန်ကို ၁ ဒသမ ၇၆ ဒေါ်လာဈေးရှိတယ်လို့ သိရပါတယ်။ပြည်တွင်း ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်း ဖေဖော်ဝါရီ       ဓာတ်ဆီ (ကျပ်)          ဒီဇယ်(ကျပ်)     ရက်           ရန်ကုန် မန္တလေး     ရန်ကုန် မန္တလေး     ၁၁             ၃၂၀၀   ၃၂၀၀       ၃၁၀၀   ၃၃၀၀     ၁၃             ၃၂၀၀  ၃၂၀၀        ၃၁၀၀   ၃၂၀၀     ၁၅             ၃၂၀၀  ၃၂၀၀        ၃၁၀၀   ၃၂၀၀     ၁၆             ၃၃၀၀  ၃၂၀၀        ၃၁၀၀   ၃၂၀၀    ၁၇              ၃၃၀၀  ၃၂၀၀         ၃၁၀၀  ၃၂၀၀ပြည်တွင်းအရောင်းအဝယ်ပုံမှန်ရှိ   ပြည်တွင်းဈေးကွက်မှာ နွေရာသီမှာစက်ရုံ၊ အလုပ်ရုံတွေပုံမှန်လည်ပတ် ရန်အတွက် စက်သုံးဆီဖြုန်းအားပုံမှန်ရှိနေကြောင်း သိရ ပါတယ်။ ဒါ့အပြင် ကုမ္ပဏီ အသီးသီးရဲ့တင်သွင်းမှုတွေကြောင့်လည်း ဈေးကွက်မှာဈေးသိပ်ကြီးကြီးမားမား မပြောင်းဘဲရှိနေ ပါတယ်။ လက်လီဝယ်ရောင်းသမားများကတော့ နွေရာသီခရီးသွား ကာလဖြစ်ပေမယ့် တက်ဈေးကို ယခင်နှစ်တွေကလို မမျှော်ရဲ ဘူးလို့ဆိုပါတယ်။ ]]ဒီနှစ်သြင်္ကန်မှာတော့ပျော်ရွှင်ပွဲတွေရှိနေပေမယ့်လည်း စက်သုံးဆီ ှကစစူပ ကောင်း လို့ သိပ်မှန်းဆမရပါဘူး။ စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရေးမှာလည်း ပုဂ္ဂလိကများ ကို လွှဲပေးလိုက်ပြီးတဲ့နောက်မှာ အရည်အသွေး၊ အချိန်အတွယ်ပါ မှန်မှန်ကန်ကန် ယှဉ်ပြိုင်လာမှာမို့ လက်ခွဲဆိုင်ငယ်လေးများအနေနဲ့ ဈေးကွက်ခိုင်မာမှု ကို မှန်းဆနေ ကြတယ်}}လို့ လက်လီ ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။ တစ်ပတ်အတွင်း  ရန်ကုန်၊ မန္တလေး ဓာတ်ဆီ၊ ဒီဇယ်လက်လီဈေးတွေကို ဖော်ပြထားပါ တယ်။ကမ္ဘာ့ရေနံစိမ်းဈေးက ရွှေဈေးနဲ့ယှဉ်နေ   ကမ္ဘာ့ရေနံစိမ်းဈေးက ဖေဖော်ဝါရီဒုတိယပတ်တွင် ဥရောပနိုင်ငံတချို့မှာ ေ<ကးမြီအခက်အခဲတွေရှိလာတာနဲ့အမျှ ကမ္ဘာ့ရွှေဈေး နည်းနည်းပြန်ဦးမော့လာသလို  ရေနံဈေးကလည်း ရွှေဈေးနဲ့ယှဉ်ပြီး ဖေဖော်ဝါရီလဒုတိယပတ်မှာ တစ်စည်ကို ၇၅-၇၇ ဒေါ်လာနဲ့ ဈေးပြန်လည်ဦးမော့လာခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ဂျီဒီပီတိုးတက်နှုန်းက ၂၀၁၀ပထမလမှာ ၂ ဒသမ ၃ ရာခိုင်နှုန်းခန့်ရှိတာမို့ ရေနံသုံးစွဲမှု မြင့်လာမယ် လို့လည်း ယူဆချက်ထွက်ပေါ်လာပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်အင်အေဂျင်စီရဲ့ ကာလတိုသုံးသပ်ချက်အတွေအရ ရေနံစိမ်းဈေးကွက်ဆောင်း ဦးမှာ ပျမ်းမျှတစ် စည်ကို ၈၁ ဒေါ်လာမှ ၈၄ ဒေါ်လာအကြား ရှိနိုင်ကြောင်းခန့်မှန်းပါတယ်။Energy NYMEX 18-2-2010                                           Price    Change     Change %Brent Crude  Futr (USD/bbl)     75.77    -0.50       -0.66Gas  Oil  Fut (ICE) (USD/MT)   613.00    2.00        0.33Gasoline  Rbob Fut (Cent/gal) 199.80     -0.91       -0.45Heating Oil Futr (Cent/gal)     199.66      -1.01      -0.50Natural Gas Futr (USD/MMBtu)   5.38      -0.01      -0.19WTI Crude Future (USD/bbl.)  76.86       -0.47     -0.61