ယခင်အပတ်ထက် တန်နှစ်ထောင်ပိုဝင် ယခုအပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ ဒီဇယ်အဝင်ကတော့ တန်ချိန် ၂၄၅ဝဝ မက်တန် (ပီပါ ၁၈ဝဝဝဝ ကျော်) ကို တင်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း အပတ်စဉ် တန်ချိန် နှစ်သောင်းကနေ နှစ်သောင်းခွဲအကြား သွင်းနေတာ တွေ့ရပြီး ဒီအပတ်တော့ ပုဂ္ဂလိကများက ဒီဇယ်ဆီတန်ချိန် ၂၄ဝဝဝ ကျော်ကျော်ကို တင်သွင်းခဲ့ကြပါတယ်။ ဒါကြောင့် ယခင်အပတ်ထက် တန် ၂ဝဝဝ ကျော်ပိုဝင် လာပါတယ်။တစ်ပတ်အတွင်း နယ်စပ်ဆီဈေး နယ်စပ်ဒေသအသီးသီးမှာတော့ ဓာတ်ဆီဈေး ပြီးခဲ့တဲ့လဆန်းကတည်းက ဈေးနည်းနည်းတက်ပြီး အောက်မှာဖော်ပြထားတဲ့ ဈေးတွေနဲ့ အရောင်းအဝယ်ရှိပါတယ်- ဖေဖော်ဝါရီ ဓာတ်ဆီ (ကျပ်) ဒီဇယ်(ကျပ်) ရက် တရုတ် ထိုင်း တရုတ် ထိုင်း ၁၈ ၃၄ဝဝ ၃ဝဝဝ ၃၃ဝဝ ၃ဝဝဝ ၁၉ ၃၄ဝဝ ၃ဝဝဝ ၃၃ဝဝ ၃ဝဝဝ ၂၂ ၃၄ဝဝ ၃ဝဝဝ ၃၃ဝဝ ၃ဝဝဝ ၂၃ ၃၄ဝဝ ၃ဝဝဝ ၃၃ဝဝ ၃ဝဝဝ ၂၄ ၃၄ဝဝ ၃ဝဝဝ ၃၃ဝဝ ၃ဝဝဝပြည်တွင်းစက်သုံးဆီ နွေဦးရာသီမှာ အဝယ်လိုက် နွေဦးရာသီမှာ ပြည်တွင်းသုံးစွဲမှု လိုအပ်ချက်များကြောင့် ဒီလအတွင်း လက်လီ ဆိုင်များတွင် ဓာတ်ဆီဈေး ၃၁ဝဝကျပ်ဝန်း ကျင်မှ ၃၃ဝဝ ကျပ်ဈေးအထိ အပြောင်း အလဲရှိလာကြောင်း သိရပါတယ်။ အက်ဖ်အီးစီဈေး အပြောင်းအလဲ သိပ်မရှိလှ သော် လည်း ပြည်တွင်းဆိုင်များမှာ အက်ဖ်အီးစီးနဲ့ ဓာတ်ဆီထုတ်ရာမှာ ယခင် အပတ်က ၂ ဒသမ ၉ ခန့်ရှိရာမှ ယခုအပတ်တွင် ၃ ဒသမ သုညနှင့် ၃ ဒသမ ၁ အထိ ဈေးအပြောင်းအလဲရှိလာကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ တတိယပတ် အတွင်း ဒီဇယ်ပီပါအလိုက် ရောင်းဈေးမှာ ၁၅၃ဝဝဝ ပတ်လည်ခန့်ရှိသော်လည်း ဓာတ်ဆီပီပါရောင်းဈေးမှာ ၁၆ဝဝဝဝ မှ ၁၆၅ဝဝဝ အထိ အပြောင်းအလဲဈေး အမြင့် ရှိခဲ့ပါတယ်။ပြည်တွင်းဓာတ်ဆီ ဝယ်လိုအားပုံမှန် ဖေဖော်ဝါရီ တတိယပတ်တွင်း ပြည်တွင်းမှာရှိတဲ့ လက်လီဆိုင်ခွဲလေးတွေရဲ့ ဓာတ်ဆီဒီဇယ်ဆီဝယ်လိုအားကပုံမှန်ရှိပြီး ဈေးနှုန်း နည်းနည်းမြင့်လာတာ အောက်ပါ အတိုင်း တွေ့ရပါတယ်- ဖေဖော်ဝါရီ ဓာတ်ဆီ (ကျပ်) ဒီဇယ်(ကျပ်) ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး ၁၈ ၃၃ဝဝ ၃၂ဝဝ ၃၂ဝဝ ၃၂ဝဝ ၁၉ ၃၃ဝဝ ၃၂ဝဝ ၃၂ဝဝ ၃၂ဝဝ ၂၂ ၃၂ဝဝ ၃၂ဝဝ ၃၂ဝဝ ၃၂ဝဝ ၂၃ ၃၂ဝဝ ၃၂ဝဝ ၃၂ဝဝ ၃၃ဝဝ ၂၄ ၃၃ဝဝ ၃၃ဝဝ ၃၂ဝဝ ၃၃ဝဝကမ္ဘာ့ရေနံဈေး ဒေါ်လာ(၈ဝ)ဝန်းကျင်ရှိနိုင် ၂ဝ၁ဝ နှစ်ဆန်းကာလအတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများက တစ်စည်လျှင် ၇ဝ နဲ့ ၈ဝ ဒေါ်လာအကြားမှာ ဈေးပေါက်နေပါ တယ်။ ဇွန် ဇူလိုင်လ လောက်က တည်းကနေ ဒီဈေးနှုန်းနဲ့ပဲ ရှစ်လကျော် ကိုးလနီးပါး တည်တည်ငြိမ်ငြိမ်နဲ့ သွားနေပါတယ်။ ''တကယ့်ကို စီးပွားရေးဦးမော့လာတာ ဟုတ်ရဲ့လားလို့ တွေးထင်စရာပဲ၊ တကယ်စွမ်းအားကောင်းတဲ့ စီးပွားရေးနာလန်ထူမှုဆိုရင် ရေနံပိုသုံးပြီး ထုတ်လုပ် မှုတွေပိုထုတ်လုပ်လာကြမှာပါ''လို့ ဆစ်ဒနီမှ သုံးသပ်သူ Mike က ပြောပါတယ်။ ဒီလိုရေနံစိမ်းဈေးတွေ ၈ဝဒေါ်လာဝန်းကျင်ရှိတာက အမေရိကန် တန်ဖိုးအနေအထား တောင့်တင်းလာမှုကြောင့် ကုန်စည်သို လှောင်ခြင်းအစား ဒေါ်လာဘက်ကို ဦးလှည့်သွားကြလို့ဖြစ်ကြောင်း၊ ဒီလိုရေနံစိမ်း ဈေးအမြင့်ကို သိပ်မတက်ခြင်းက ဈေးကွက်မှာ ထုတ်လုပ်နိုင်စွမ်းရှိမှုအပေါ် ထိခိုက်လာနိုင်စရာရှိကြောင်း၊ ဒါ့အပြင် အဓိကဝယ်လက် အမေရိကန်နိုင်ငံရဲ့ မြို့ကြီး ၂ဝမှာ အိမ်ထောင် စုတို့ရဲ့ စားသုံးမှုနှုန်း က ၂ဝဝ၉နှစ်ကုန် နိုဝင်ဘာ-ဒီဇင်ဘာမှာ သုည ဒသမ ၂ ရာခိုင်နှုန်းအထိ ကျသွားခဲ့ခြင်းနဲ့ ရေနံသိုလှောင်မှု ပမာဏ မြင့်တက်လာခြင်းတို့က ကာလတိုမှာ ရေနံစိမ်းဈေး ၈ဝ ဒေါ်လာ ဝန်းကျင်ရှိနိုင်ကြောင်း စွမ်းအင်အေဂျင်စီဆိုင်ရာ သတင်း များက ဆိုပါတယ်။ WWN နိုင်ငံတကာဈေးနှုန်း Energy NYMEX 25-2-2010 Price Change Change %Brent Crude Futr (USD/bbl) 77.770 -0.390 -0.50Gas Oil Fut (ICE) (USD/MT) 633.75 -2.000 -0.31Gasoline Rbob Fut (Cent/gal) 208.910 -0.980 -0.47Heating Oil Futr (Cent/gal) 203.840 -0.370 -0.18Natural Gas Futr (USD/MMBtu) 4.856 -0.009 -0.19WTI Crude Future (USD/bbl.) 76.500 -0.500 -0.62
Background