Main menu

Background

ဓာတ်ဆီ၊ ဒီဇယ်

Wed, 03/10/2010 - 07:52 -- Anonymous (not verified)

ယခင်လထက် တန်ချိန်နည်းနည်းလျော့ဝင်   ယခုအပတ်အတွင်း ဆိပ်ကမ်းအသီးသီးက ဒီဇယ်ဆီအဝင်ကတော့ တန်ချိန် သုံးသောင်းကျော် (ပီပါနှစ်သိန်းနှစ်သောင်း ငါးထောင်) ကျော် တင်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းက တင်သွင်းမှုစုစုပေါင်းက တန်ချိန် ကိုးသောင်း ခုနစ်ထောင်ကျော်ကို လုပ်ငန်းရှင်အသီးသီးက တင်သွင်းခဲ့သလို ယခင် လ ဇန်နဝါရီလက တန်ချိန်တစ်သိန်းတစ်သောင်းကျော် တင်သွင်းခဲ့လို့ ယခု ဖေဖော် ဝါရီလမှာတော့ တန်ချိန်သုံးသောင်းခန့် လျော့နည်းပြီး ဆိပ်ကမ်းကနေ တင်သွင်း လာပါတယ်။တာချီလိတ်ကဝင်လာ     မြန်မာ-ထိုင်း နယ်စပ်စခန်းဖြစ်တဲ့ တာချီလိတ်စခန်းကနေ ဒီဇယ်ဆီ ၁၃၆ဝဝ ဂါလန် ကန်ဒေါ်လာ သုညဒသမ ၂၅၈သန်းဖိုးနဲ့ ဓာတ်ဆီဂါလန် တစ်သိန်းခြောက် ထောင်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၂၁၈ သန်းဖိုး ဝင်လာပါတယ်။ ယခင်အပတ် တွေက နယ်စပ်စခန်းများကနေ စက်သုံးဆီတင်သွင်းလာမှုမရှိဘဲ အဝင် ကဲျခဲ့ပေမယ့် အခုအပတ်မှာ ပြန်လည်ဝင်လာပါတယ်။  နယ်စပ်ဆီဈေး သိပ်မပြောင်းလဲပါနယ်စပ်ဒေသအသီးသီးရဲ့ ဒီတစ်ပတ်အတွင်း ဓာတ်ဆီ၊ ဒီဇယ်ဈေး တွေကို ဖော်ပြလိုက်ပါတယ်- ဖေ/ မတ်    ဓာတ်ဆီ (ကျပ်)        ဒီဇယ်(ကျပ်)    ရက်       တရုတ်    ထိုင်း    တရုတ်    ထိုင်း    ၂၅        ၃၄ဝဝ    ၃ဝဝဝ    ၃၃ဝဝ    ၃ဝဝဝ        ၂၆        ၃၄ဝဝ    ၃ဝဝဝ    ၃၃ဝဝ    ၃ဝဝဝ    ၁          ၃၄ဝဝ    ၃ဝဝဝ    ၃၃ဝဝ    ၃ဝဝဝ    ၃         ၃၄ဝဝ    ၃ဝဝဝ    ၃၃ဝဝ    ၃ဝဝဝ    ၄          ၃၃ဝဝ    ၃ဝဝဝ    ၃၄ဝဝ    ၃ဝဝဝပြည်တွင်းဈေးလည်း သိပ်မပြောင်း     ဒီအပတ်အတွင်း  ပြည်တွင်းစက်သုံးဆီ  အရောင်းအဝယ်အနေနဲ့ ဈေး အပြောင်းအလဲ သိပ်မများခဲ့တာကို တွေ့ရပါတယ်။ ဓာတ်ဆီ MPPE ဆိုင်ဈေး တစ်ဂါလန် FEC  ၃ ကနေ ၃ ဒသမ ၁ အကြားနဲ့ ရောင်းဝယ်လျက်ရှိပြီး တစ်ပီပါ ဈေးကတော့ တစ်သိန်းခြောက်သောင်းငါးထောင်ကနေ တစ်သိန်း ခြောက်သောင်း ခုနစ်ထောင်အကြား ရောင်းဝယ်ကြကြောင်းသိရပါတယ်။ ဒီဇယ်ကတော့ MPPE မှာ တစ်ဂါလန်ကို FEC ၃ကနေ ၃ ဒသမ ၁အကြား ဓာတ်ဆီနဲ့ ဈေးအတူတူပဲ ရောင်းချ လျက်ရှိပြီး ပီပါဈေးကတော့ တစ်သိန်းတစ်သောင်းငါးထောင်ဝန်းကျင်မှာ အရောင်း အဝယ်ဖြစ်ပါတယ်။ လက်လီဆိုင်ခွဲလေးတွေရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ်- ဖေ/မတ်     ဓာတ်ဆီ (ကျပ်)          ဒီဇယ်(ကျပ်)    ရက်     ရန်ကုန်    မန္တလေး    ရန်ကုန်    မန္တလေး    ၂၅       ၃၃ဝဝ     ၃၄ဝဝ       ၃၂ဝဝ      ၃၃ဝဝ        ၂၆      ၃၄ဝဝ     ၃၄ဝဝ        ၃၂ဝဝ      ၃၄ဝဝ    ၁       ၃၄ဝဝ      ၃၅ဝဝ        ၃၂ဝဝ      ၃၃ဝဝ    ၃        ၃၄ဝဝ     ၃၅ဝဝ       ၃၂ဝဝ      ၃၄ဝဝ    ၄       ၃၄ဝဝ     ၃၅ဝဝ        ၃၂ဝဝ      ၃၄ဝဝနိုင်ငံတကာမှာ ရေနံစိမ်းသိုလှောင်မှုနည်းနည်းပို     ကမ္ဘာ့ရေနံစိမ်းသိုလှောင်မှုပမာဏတိုးလာသလို ဒီတစ်ပတ်အတွင်း ရေနံစိမ်း ဈေးကလည်း တစ်စည်ကို ၈၁ ဒေါ်လာဝန်းကျင် ကို ချဉ်းကပ်လာပါတယ်။ ပုံမှန်အား ဖြင့် မှန်းဆချက်တွေအရ ရေနံသိုလှောင်မှုစွမ်းအားက တစ်ပတ်အတွင်း တစ်သန်း လောက်ပဲ ပိုမိုသိုလှောင်နိုင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အမေရိကန်ရဲ့လက်ကျန် အနေအထားအရ သိုလှောင်မှုပမာဏဟာ ၄ ဒသမ ၁ သန်းအထိ တိုးမြှင့်သို လှောင်ခဲ့ကြောင်း တွေ့ရပါတယ်။ နယူးယောက်ဈေးကွက်ရဲ့ သုံးသပ်ချက်တွေအရ ဝယ်လိုအားပိုမိုလာမယ် ဆိုတဲ့ တွက်ဆချက်တွေနဲ့ သန့်စင်မှုတွေပိုမိုလုပ်ခဲ့ပြီးတဲ့ နောက်မှာ လက်ကျန်တွေစုပုံနေခဲ့ပြီး ရေနံဈေးရဲ့အလားအလာကောင်း မှုကိုတော့ အားလုံးက သက်ဝင်ယုံကြည်နေတုန်းပဲလို့ Market Watch သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။      တစ်ဘက်ကလည်း ဥရောပသုံးငွေကြေးထဲမှာ ကနေဒါငွေကြေးက နည်းနည်း ပြန်မာလာတာနဲ့အတူ ရေနံဈေးနှုန်းကလည်း နည်းနည်း ပြန်မြောက်လာပါ တယ်။ ရက်သတ္တခြောက်ပတ်တာကာလအတွင်း ယူရိုဇုန်ငွေကြေး မြင့်လာတယ်လို့ ဆိုပါတယ်။                                                                                                                            MIRT-DOT