အတတရုတ်က အများဆုံးသွင်း ပြည်တွင်းလိုအပ်ချက်နှင့်အညီ ဓါတ်မြေသြဇာမြေဆီကို နယ်စပ်ကရော ပင်လယ်ရေကြောင်းကပါ တင်သွင်းနေပါတယ်။ ရေကြောင်းကနေ တင်သွင်းတဲ့ ဓါတ်မြေသြဇာများက တရုတ်နိုင်ငံဘက် အများဆုံး ဝယ်ယူတင်သွင်း နေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံအပြင် ဒီနှစ်အတွင်း စင်ကာပူ၊ အီရန်၊ ထိုင်းနိုင်ငံစတဲ့နိုင်ငံများထံကလည်း ယူရီးယား၊ ကွန်ပေါင်း၊ ပိုတက် ဆီယမ်စတဲ့ မြေဆီများ ဝယ်ခဲ့ပါတယ်။ ဖေဖော်ဝါရီဒုတိယအပတ်အတွင်း ဓါတ်မြေသြဇာ တန်ချိန် ၅၀၀ ကျော်ကိုတင်သွင်းခဲ့သလို ပြီးခဲ့တဲ့ အပတ်ကလည်း တရုတ်နိုင်ငံ ဘက်က ပိုတက်ဆီယမ်ကလိုရိုက်တန်ချိန် ၅၀၀ ကို တင်သွင်းခဲ့ပါတယ်။လက်ကားဈေးနှုန်းတည်ငြိမ် ဓါတ်မြေသြဇာအမျိုးအစားအလိုက် ပြည်တွင်းကို လက်ကားဖြန့်ဖြူးတဲ့ ဈေးနှုန်းတွေက အများစုတည်ငြိမ်နေပြီး ဈေးအပြောင်းအလဲ များများစားစား မရှိ ဘူးလို့ သိရပါတယ်။တိုင်း/ ပြည်နယ် အမျိုးအစား ရေတွက်ပုံ ဈေးနှုန်း(ကျပ်)ရန်ကုန်တိုင်း ယူရီယားဓါတ်မြေသြဇာ ၁ အိတ် ၂၃၀၀၀(ဘုရင့်နောင်) (ရွှေတောင်)တရုတ် ။ တီစူပါဓါတ်မြေသြဇာ ၁ အိတ် ၁၈၅၀၀ (သံကွင်း)တရုတ် ။ တီစူပါဓါတ်မြေသြဇာ ၁ အိတ် ၁၇၅၀၀ (မျှား) တရုတ် ။ ပိုတက်ဓါတ်မြေသြဇာ(တရုတ်) ၁ အိတ် ၄၈၅၀၀ ။ ပိုတက်ဓါတ်မြေသြဇာ(အိန္ဒိယ) ၁ အိတ် ၂၄၂၀၀ ။ ကွန်ပေါင်းဓါတ်မြေသြဇာ(ပန်းသီးစုံ) ၁ အိတ် ၁၂၀၀၀ ။ ကွန်ပေါင်းဓါတ်မြေသြဇာ(သီးစုံ)၄၀Kg ၁ အိတ် ၁၀၂၀၀ ။ ကွန်ပေါင်းဓါတ်မြေသြဇာ(သီးစုံ)၅၀Kg ၁ အိတ် ၁၂၄၀၀မန္တလေးတိုင်း ယူရီယား(တရုတ်) ၁ အိတ် ၁၉၂၀၀ MPE ၁ အိတ် ၂၀၀၀၀ ပိုတက်(အိန္ဒိယ) ၁ အိတ် ၂၄၁၀၀ GTSP ၄၆% ၁ အိတ် ၁၇၀၀၀ MPK၁၆း၁၆း၈ ၁ အိတ် ၂၅၆၀၀ နှစ်ကူးမို့ တရုတ်က အဝင်နည်း ဒီတစ်ပတ် နယ်စပ်စခန်းတွေကနေ ဓါတ်မြေသြဇာအမျိုးမျိုးတန်ချိန် ၈၈၈ဒသမ ၀၇ တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၉၈၅၅တန်ကျော် တင်သွင်းခဲ့ တာနဲ့ နှိုင်းယှဉ်ပါက ၉၀ရာခိုင်နှုန်းကျော် လျော့နည်း တင်သွင်းခဲ့တာ တွေ့ရပါတယ်။ အကြောင်း ကတော့ တရုတ်နှစ်သစ်ကူးကာလဖြစ်လို့ မူဆယ်နယ်စပ်စခန်းက ကုန်သွယ်မှု မရှိသလောက်နည်းပါးလို့ပါ။ နယ်စပ်စခန်း အသီးသီးမှ ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ဓာတ်မြေသြဇာ ၅၃၃၂၈၆.၈၈တန်၊ တန်ဖိုးဒေါ်လာ ၁၀၉.၅၂၂ သန်းဖိုး တင်သွင်းခဲ့ပါတယ်။နယ်စပ်စခန်းတွေက တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာ တစ်တန်ဈေးနှုန်းတွေရဲ့ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံဈေးတွေကို လေ့လာနိုင်ရန်ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် နယ်စပ်စခန်း အမျိုးအစား မိမိဘက်(ကျပ်) တစ်ဘက်နိုင်ငံ(ဒေါ်လာ)ရိဒ်(အိန္ဒိယ) ပိုတက် ၂၈၅၀၀၀ ၂၅၀ ပုလဲ ၂၈၅၀၀၀ ၂၁၀မြဝတီ(ထိုင်း) ယူရီးယား ၁၈၀၀၀၀ ၁၅၅ .၆၄တာချီလိတ် အမိုနီယမ်ဆာလ်ဖိတ် ၁၅၆၉၂၇ ၁၄၁ .၄၁(ထိုင်း)
Background