Main menu

Background

မြေသြဇာဈေးကွက် အရောင်းပုံမှန်ဖြစ်

Fri, 10/13/2017 - 13:57 -- journal_editor

        စက်တင်ဘာ  ၂၃ ရက်မှ ၂၉ ရက်အထိ နယ်စပ်လမ်းမှ မြေသြဇာ အဝင်မှာ တန်ချိန် ၁၄၁၀၀ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်က အဝင်မှာ တန်ချိန် ၁၉၂၆၀ ကျော်ရှိ ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၅၁၅၀ ကျော် အဝင်ေ လျာ့ခဲ့တယ်လို့ သိရပါ တယ်။ ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊ ရန်ကုန်နဲ့မကွေးမှာ အရောင်း ပုံမှန်ရှိပြီး တောင်ကြီးမှာ အရောင်းအေးတယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ မြေသြဇာဈေးငြိမ်တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာတော့ ပိတ်ရက်ရှည်ရှိတာကြောင့် အရောင်းအဝယ်ပုံမှန်သာရှိကြောင်းသိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ပုလဲ-အသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်-တရုတ်) ကျပ် ၂၃၀၀၀၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ကျပ် ၃၉၀၀၀၊ ကွန်ပေါင်း (ပန်းရောင်) ကျပ် ၃၂၀၀၀၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ကျပ်၃၀၀၀၀၊ တီစူပါ၄၆% (သံကွင်း-တရုတ်) ကျပ် ၂၁၅၀၀၊  တီစူပါ ၁၆% (မြှားကမ္ဘာ-တရုတ်) ကျပ် ၁၃၅၀၀ နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းသိရှိရ ပါတယ်။
           မကွေးဈေးကွက်မှာ  အရောင်းပုံမှန်ရှိပြီး ဈေးငြိမ်တယ်လို့ သိရပါတယ်။ ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ  မြှားကမ္ဘာ -တရုတ် (၁၂း၁၃) ကျပ် ၁၅၅၀၀၊ ဆင်၁၀း၁၀း၅ ကျပ် ၁၅၅၀၀၊ အာမို ၁၅း၁၅း၁၅း ကျပ် ၃၇၀၀၀၊ အာမို ၁၆း၁၆း၈ ကျပ် ၃၅၃၀၀၊ အာမို ၁၀း၁၀း၅ ကျပ် ၁၈၀၀၀၊ သီးစုံ(ဝါစိမ်းပြာ) ကျပ် ၁၆၂၀၀၊   ယူရီးယား-ပုလဲ   (ပန်းဖူး-တရုတ်) ကျပ် ၂၃၃၀၀၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ကျပ် ၂၃၂၀၀၊ ဇာမဏီ ကျပ် ၁၇၈၀၀၊အောင်ကမ္ဘာ ၁၀း၁၀း၅ ကျပ် ၁၈၀၀၀၊ တီစူပါ ကျပ် ၂၃၃၀၀၊ တောင်သူမ ကျပ် ၁၅၅၀၀ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ  ဒီတစ်ပတ် အင်းလေးဖောင်တော်ဦး  ပွဲတော် ကြော င့် အရောင်းအဝယ် ပြန်အေး သလို ဈေးလည်းငြိမ်နေတယ်လို့  သိရ ပါတယ်။ ဈေးကွက်ထဲ  အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးမှာ (ကမ္ဘာလုံး-တရုတ်)ကျပ် ၂၂၆၀၀ ၊ ယူရီးယား (ရွှေတောင်-တရုတ်) ကျပ်  ၂၂၆၀၀၊ ယူရီးယား (ပန်းဖူး-တရုတ်)  ကျပ်၂၃၄၀၀၊ တီစူပါ ၂၀% (တရုတ်) ကျပ် ၁၁၇၀၀ ၊ ပိုးသတ် ဆေး ကျပ် ၂၃၀၀၊ တီစူပါ ၁၅ ပတ်လည်  (တရုတ်)   ကျပ်   ၃၇၅၀၀၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ကျပ် ၁၆၀၀၀၊ ဓာတ်ဆား (တရုတ်) ကျပ် ၁၄၂၀၀၊ ပိုတက်(တရုတ်) ကျပ်၂၃၂၀၀၊  ယူရီး ယား (ယူအေအီး) ကျပ် ၂၂၇၀၀၊ မြှား ကမ္ဘာ ကျပ် ၁၅၅၀၀ ဈေးနဲ့  အရောင်း အဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။
        ရန်ကုန်ဈေးကွက်မှာ အရောင်း အဝယ်ပုံမှန်ရှိပြီး ဈေးနည်းနည်းမြင့်  လာတယ်လို့ စိုက်ပျိုးရေးပစ္စည်း ရောင်း ဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား (ရွှေတောင်-တရုတ်) ကျပ် ၂၅၇၀၀၊ တီစူပါ (သံကွင်း-တရုတ်) ကျပ် ၂၃၂၀၀၊ ပိုတက်(အိန္ဒိယ) ကျပ် ၂၄၀၀၀၊ ကွန်ပေါင်း(၁၅း၁၅း၁၅)ကျပ် ၃၇၉၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။

 

သီတာဝင်း (DOT)