Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Fri, 11/11/2022 - 15:43 -- journal_editor

မော်လမြိုင်မြို့၌ ယခု နိုဝင်ဘာလ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
ဈေးကွက်ထဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးမှာ ယခုတစ်ပတ်တွင် ကြံ့နှစ် ကောင်(အနီ)  ကျပ် ၁၀၃၀ဝ၊  ဆင်(ထိုင်း) ကျပ် ၁၄၀ဝ၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၁၀၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေ သြဇာနှင့် ပိုးသတ်ဆေးမှာ ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။
အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခု နိုဝင်ဘာလ ဒုတိယပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်)  ၁၅း၁၅း၁၅ 50kg ပါတစ်အိတ် ကျပ် ၁၆၈၀ဝ၀၊ ကွန်ပေါင်း ၂၀း၁၂း၁၂  50kg  ပါ တစ်အိတ်မှာ ကျပ် ၁၇၀ဝ၀ဝ၊ ကွန်ပေါင်း (Thai Grow How)  ၁၅း ၁၅း၁၅ 50kg  ပါ တစ်အိတ်မှာ ကျပ် ၁၆၅၀ဝ၀၊ ပုလဲ (အသေး) ၄၆% မြန်မာ  (MPE) 50kg ပါ တစ်အိတ်မှာ ကျပ်၆၅၀ဝ၀၊ပုလဲ(အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ  တစ်အိတ်မှာ ကျပ် ၁၃၀ဝ၀ဝ၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) ၁၀ဝခခ ပါ တစ်ပုလင်းမှာ  ကျပ် ၃၁၀ဝ ၊ မာလာမြိုင် ဆိုက်ပါ၁၀%(သီးရွက်စုံ)၅၀ဝခခ ပါ တစ်ပုလင်း ကျပ်   ၁၃၅၀ဝ ဖြင့်  အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရှိရသည်။
မွန်ပြည်နယ်သည် ရော်ဘာကို အဓိက စိုက်ပျိုးလျက်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မွန်ပြည်နယ်၏ ရော်ဘာစိုက်ဧကမှာ  ၅၀၄၉၈၈  ရှိပြီး မွန်ပြည်နယ်တွင် RSS-3နှင့် RSS-5 နှစ်မျိုးသာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး  ရော်ဘာဈေးနှုန်းမှာ အောက်တိုဘာလ စတုတ္ထပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး  ယခု နိုဝင်ဘာ ၁ ရက်မှ  ၆ ရက်အထိ ရော်ဘာဈေး နှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၂၀ဝ၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၁၈၀ နှုန်း ပေါက်ဈေးရှိကြောင်း သိရသည်။  
မွန်ပြည်နယ်တွင် မိုးရာသီကုန်ဆုံးချိန် ရောက်ရှိပြီးဖြစ်သဖြင့် ရော်ဘာခြံရှင်များအနေဖြင့် အစေးလှီးလုပ်ငန်းကို   ပြန်လည်စတင်လုပ်ကိုင်လျက်ရှိပြီး မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန်ရှိနေပါသည်။
မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ(50kg ပါ တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ၊ ရော်ဘာတစ်တန်လျှင်  ကျပ် ၃၀ဝ၀ဝ ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေး မြို့သို့ 50kg ပါ  တစ်ထုပ်လျှင် ကျပ် ၂၅၀ဝ၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၅၀ဝ၀ဝ ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရသည်။
အောင်မြင့်မြတ်(မွန်)