Main menu

Background

နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဘိလပ်မြေနှင့် ဓာတ်မြေသြဇာ တင်သွင်းမှု အခြေအနေ

Tue, 12/13/2022 - 12:45 -- journal_editor

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ရက်ထိ ကာလအတွင်း  ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၇၅ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၂၉၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  တန်ချိန် ၁၂၅၀ဝ ကျော်၊ ဂျပန်နိုင်ငံမှ တန်ချိန် ၉၀ဝ၀ကျော်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၅၅၀ဝ ကျော်၊ အိုမန်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ  တန်ချိန် ၈၀ဝ ကျော်၊ အစ္စရေးနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ အိန္ဒိယနိုင်ငံမှ ငါးတန်ကျော် တင်သွင်းခဲ့ကြောင်း  သိရသည်။ ယခုတစ်ပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်းသိရသည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၁၀ဝ၀ဝကျော် ပိုမိုတင်သွင်းခဲ့ ကြောင်း သိရသည်။ 
နယ်စပ်ကုန်သွယ်မှုမှ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၂၀ဝ၀ ကျော်အား တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့်  ထိုင်းနိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်နှင့် တရုတ်နိုင်ငံမှ တန် ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။  ယခုတစ်ပတ်အတွင်း ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်းသိရသည်။ အနီးစပ်ဆုံးကာလ နှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ ကျော် တင်သွင်းမှု ပိုမိုခဲ့ကြောင်း သိရသည်။ 
နယ်စပ်ကုန်သွယ်မှုမှ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၄၀ဝ ကျော်အား ထိုင်းနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၁၉၀ဝ ကျော်  လျော့နည်းတင်သွင်းခဲ့ ကြောင်း သိရသည်။ 
ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  ဘိလပ်မြေ တင်သွင်းမှု မရှိကြောင်း သိရသည်။
အိမ့် (DOT)