မော်လမြိုင်မြို့၌ ယခုဒီဇင်ဘာလ တတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခု အပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၁၂၀ဝ၊ ဆင်(ထိုင်း)ကျပ်၁၄၈၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၅၀ဝဖြင့်အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း သိရှိရသည်။
အရောင်းအဝယ်ဖြစ်နေသော ဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာရွှေ ကောမက်)၁၅:၁၅:၁၅ 50kg တစ်အိတ်မှာ ကျပ် ၁၆၈၀ဝ၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်မှာ ကျပ်၁၇၃၀ဝ၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg တစ်အိတ်မှာ ကျပ် ၁၅၉၀ဝ၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ်မှာကျပ်၈၀ဝ၀ဝ၊ ပုလဲ(အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kgပါ တစ်အိတ်မှာ ကျပ် ၁၂၅၀ဝ၀၊ ပိုးသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀%(သီးရွက်စုံ)100cc တစ် ပုလင်းမှာ ကျပ် ၃၁၀ဝ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc တစ်ပုလင်းမှာ ကျပ် ၁၃၈၀ဝ ရှိခဲ့သည်။ ဒီဇင်ဘာလတတိယပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာရွှေကောမက်)၁၅:၁၅:၁၅ 50kg တစ်အိတ်မှာ ကျပ် ၁၆၅၀ဝ၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂50kg ပါတစ်အိတ်မှာ ကျပ် ၁၆၈၀ဝ၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၅၅၀ဝ၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kgပါ တစ်အိတ်မှာ ကျပ် ၇၀ဝ၀ဝ၊ ပုလဲ(အကြီး)၄၆%ထိုင်း(မြင်းပျံ)50kg ပါတစ်အိတ်မှာ ကျပ် ၁၃၃၀ဝ၀ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc ပါ ၁ ပုလင်းမှာ ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ တစ်ပုလင်းမှာ ကျပ် ၁၃၈၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန်ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ် ၁၀၈၀၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၁၀ဝ ရှိခဲ့ပြီး ယခု ဒီဇင်ဘာ ၁၅ရက်မှ၁၉ရက် ထိဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၂၁၀၊ RSS-5 တစ်ပေါင် လျှင် ကျပ် ၁၂၃၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခ နှုန်းထားမှာ(50kg)ပါတစ်ထုပ်လျှင်ကျပ် ၁၅၀ဝ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၃၀ဝ၀ဝ ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50kg) ပါ တစ်ထုပ်လျှင် ကျပ် ၂၅၀ဝ၊ ရော်ဘာတစ်တန်လျှင် (၅၀ဝ၀ဝ) ကျပ်ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရသည်။
အောင်မြင့်မြတ်(မွန်)