Main menu

Background

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဓာတ်မြေသြဇာနှင့်  ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Thu, 01/19/2023 - 15:16 -- journal_editor

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၅၅၈ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၃၃၀ဝ၀ ကျော်၊ ဘရူနိုင်းဒါရုစလမ်နိုင်ငံမှ တန်ချိန် ၃၁၀ဝ၀ ကျော်၊  မလေးရှားနိုင်ငံမှ တန်ချိန် ၂၀ဝ၀ဝခန့်၊ ဘယ်လ်ဂျီယံနိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ အီရန်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ခန့်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၈၀ဝ၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၀ဝ၀ခန့်၊ အခြားနိုင်ငံများမှ တန်ချိန် ၂၂၀ဝ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၅၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။  
နယ်စပ်ကုန်သွယ်မှုမှ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၆၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၆၈၀ဝ ကျော် တင်သွင်းခဲ့သည်။  တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ  တန်ချိန် ၆၀ဝ၀ ကျော်၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၅၅၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၅၀  ကျော်တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၅၀ဝ၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။ 
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ  ၅၀၃ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၄၃၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၂၆၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၆၀ဝကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၀ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဘိလပ်မြေ တန်ချိန် ၂၀ဝ၀ ကျော်လျော့နည်းတင်သွင်းခဲ့ကြောင်း သိရ သည်။  
နယ်စပ်ကုန်သွယ်မှုမှ  ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၃၀ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၉၀ဝ၀ ကျော် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၆၀ဝ၀ ကျော်  ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ 
အိမ့် (DOT)