Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ရော်ဘာဈေးကွက်

Fri, 01/20/2023 - 09:23 -- journal_editor

မော်လမြိုင်မြို့၌ ဇန်နဝါရီလ ဒုတိယပတ်တွင် ဘိလပ်မြေ ဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းလာကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ် ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၁၂၀ဝ၊ ဆင် (ထိုင်း) ကျပ် ၁၄၈၀ဝ၊ ကြံ့တံဆိပ် (အပြာ) ကျပ် ၁၀၅၀ဝ ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း သိရှိရသည်။
အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်ပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်) ၁၅း၁၅း၁၅ 50 Kg ပါ တစ်အိတ် ကျပ် ၁၆၀ဝ၀ဝ၊ ကွန်ပေါင်း ၂၀း၁၂း၁၂ 50kg  ပါတစ်အိတ် ကျပ် ၁၆၂၅၀ဝ၊ ကွန်ပေါင်း (Thai Grow How) ၁၅း၁၅း၁၅ 50 Kg  ပါ တစ်အိတ် ကျပ် ၁၅၅၅၀ဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50 Kg  ပါ တစ်အိတ် ကျပ် ၇၂၀ဝ၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ တစ်အိတ် ကျပ် ၁၂၅၀ဝ၀၊ ပိုးသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီး ရွက်စုံ) 100cc တစ်ပုလင်း ကျပ်  ၃၁၀ဝ  မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500ccတစ်ပုလင်းမှာ ကျပ်  ၁၃၈၀ဝ   ရှိခဲ့သည်။ 
ဇန်နဝါရီလ ပထမပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50 Kg ပါ တစ်အိတ် ကျပ် ၁၆၄၀ဝ၀၊ ကွန်ပေါင်း ၂၀း၁၂း၁၂ 50 Kg ပါ တစ်အိတ် ကျပ် ၁၆၅၀ဝ၀၊ ကွန်ပေါင်း (Thai Grow How) ၁၅း၁၅း၁၅ 50 Kg  ပါ တစ်အိတ် ကျပ် ၁၅၀ဝ၀ဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50 Kg  ပါ တစ်အိတ် ကျပ် ၇၀ဝ၀ဝ၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50 Kg ပါ တစ်အိတ် ကျပ် ၁၃၃၀ဝ၀ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc  ပါ တစ် ပုလင်း ကျပ် ၃၁၀ဝ၊ မာလာမြိုင် ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc  ပါ တစ်ပုလင်း ကျပ် ၁၃၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန် ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ် ၁၀၈၀၊ RSS-5  တစ်ပေါင်လျှင် ကျပ် ၁၁၀ဝ ရှိခဲ့ပြီး ဇန်နဝါရီ ၁ ရက်မှ ၁၃ ရက်အထိ ဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၂၃၀၊ RSS-5  တစ်ပေါင်လျှင် ကျပ် ၁၁၆၅ ပေါက်ဈေးရှိနေကြောင်း သိရသည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50 Kg) ပါ တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ၊ ရော်ဘာ တစ်တန်လျှင်  ကျပ် ၃၀ဝ၀ဝ ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50 Kg) ပါ တစ်ထုပ်လျှင် ကျပ် ၂၅၀ဝ ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၅၀ဝ၀ဝ ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရသည်။                

နန်းတာတာလှိုင်(မွန်)