Main menu

Background

ယခုတစ်ပတ်အတွင်း ဘိလပ်မြေနှင့် ဓာတ်မြေသြဇာတင်သွင်းမှု အခြေအနေ

Wed, 02/01/2023 - 15:34 -- journal_editor

ဓာတ်မြေသြဇာ
ဇန်နဝါရီ၁၄  ရက်မှ ၂၀ ရက်ထိကာလအတွင်း ပင် လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၁၁ ဒသမ ၁၃၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၂၀ဝ၀ဝ ခန့်  တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၇၅၀ဝခန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၁၁၀ဝ ကျော်၊ အမေရိကန်ပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်နှင့် ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၄၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။   
နယ်စပ်ကုန်သွယ်မှုမှ ဇန်နဝါရီ ၁၄  ရက်မှ ၂၀ ရက် ထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၇၄၃ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၂၀ဝ၀ ကျော်တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ  တန်ချိန် ၉၀ဝခန့်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော်နှင့် အိန္ဒိယနိုင်ငံမှ တန်ချိန် ၉၀ဝ ကျော် တင်သွင်းခဲ့သည်။
ဘိလပ်မြေ
ဇန်နဝါရီ ၁၄  ရက် မှ ၂၀ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  သုည ဒသမ ဝ၉၉ သန်း တန်ဖိုးရှိ  ဘိလပ်မြေတန်ချိန် ၄၀ဝ ကျော် တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ ဇန်နဝါရီလ ၁၄  ရက် မှ ၂၀ ရက်အထိကာလအတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၅၀၉သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၆၃၀ဝ ကျော် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီး စပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက  နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၁၅၀ဝ ကျော်  ပိုမိုတင်သွင်းခဲ့သည်။                

အိမ့် (DOT)