ဇန်နဝါရီလအတွင်း ဘိလပ်မြေနှင့် ဓာတ်မြေသြဇာတင်သွင်းမှု အခြေအနေ
ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ဝ၇၅ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၆၀ဝ၀ဝ ခန့် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ချိန် ၄၀ဝ၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၇၈၀ဝ ကျော်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန် ချိန် ၅၀ဝ၀ ခန့်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၅၀ဝကျော်၊ အမေရိကန်ပြည်ထောင်စုမှ တန်ချိန် ၆၀ဝ ကျော်၊ ဥဇဘက် ကစ္စတန်နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန် ချိန် ၄၀ဝ ကျော်၊ ဂျပန်နိုင်ငံမှ တန် ချိန် ၄၀ဝ ခန့်၊ လာအိုနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၈၀ ခန့်၊ အိန္ဒိယနိုင်ငံမှ ၁၀ တန်ကျော်နှင့် အင်ဒိုနီရှားနိုင်ငံမှ ၁၀ တန်ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၄၃၀ဝ၀ ကျော် လျော့နည်း တင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၂၀ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၈၆၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ တန်ချိန် ၄၅၀ဝ ခန့်၊ ထိုင်းနိ်ုင်ငံမှ တန်ချိန် ၆၂၀ ကျော်နှင့် အိန္ဒိယနိုင်ငံမှ တန်ချိန် ၃၀ဝ၀ ကျော် တင်သွင်းခဲ့သည်။
ဇန်နဝါရီ ၁ ရက် မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၄၁ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၅၆၀ဝ ကျော် တင်သွင်းခဲ့သည်။ ထိုင်းနိုင်ငံမှ တန်ချိန် ၅၂၀ဝ ကျော်နှင့် တရုတ် နိုင်ငံမှ တန်ချိန် ၄၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၁၂၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ ကြောင်းသိရသည်။
အိမ့် (DOT)
