Main menu

Background

ဖေဖော်ဝါရီလအတွင်း ဘိလပ်မြေနှင့် ဓာတ်မြေသြဇာတင်သွင်းမှုအခြေအနေ

Thu, 03/16/2023 - 12:08 -- journal_editor

ဓာတ်မြေသြဇာ    
ဖေဖော်ဝါရီ ၁  ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၁၇ ဒသမ ၉၁၂ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၃၀ဝ၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၇၀ဝ၀ခန့်၊    အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၆၅၀ဝခန့်၊  ဘယ်လ်ဂျီယံ နိုင်ငံမှ တန်ချိန် ၂၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ‌ဂျော်ဒန်နိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ ဥဇဘက်ကစ္စတန် နိုင်ငံမှ တန်ချိန် ၄၀ဝ ကျော်၊ အမေရိကန်ပြည်ထောင်စုမှ တန်ချိန် ၃၀ဝ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ လာအိုနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၆၀ဝ ကျော်နှင့် ဗီယက်နမ်နိုင်ငံမှ တန်ချိန်၇၀ဝ ခန့် အသီးသီး  တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံး ကာလနှင့်နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၃၀ဝ၀ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။   
နယ်စပ်ကုန်သွယ်မှုမှ ဖေဖော်ဝါရီ ၁  ရက်မှ ၂၈ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆၅ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၃၅၀ဝ ကျော်   တင်သွင်းခဲ့ သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ  တန်ချိန် ၂၂၀ဝ ကျော်၊  ထိုင်းနိုင်ငံမှ တန်ချိန် ၈၀ဝခန့် နှင့်  အိန္ဒိယနိုင်ငံ မှ တန်ချိန် ၅၀ဝ ခန့် တင်သွင်းခဲ့သည်။အနီးစပ်ဆုံးကာလ နှင့်နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၅၀ဝ၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  သုည ဒသမ ၃၆၁ သန်း တန်ဖိုးရှိ  ဘိလပ်မြေတန်ချိန် ၃၃၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံ မှ တန်ချိန် ၂၆၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဘိလပ်မြေတန်ချိန် ၂၃၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။ 
နယ်စပ်ကုန်သွယ်မှုမှ ဖေဖော်ဝါရီ ၁  ရက်မှ ၂၈ ရက်ထိ ကာလအတွင်း  အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅၇ သန်း တန်ဖိုးရှိ ဘိလပ်မြေ  တန်ချိန် ၂၀ဝ၀ဝ ကျော် တင်သွင်းခဲ့ သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၉၀ဝ၀ ကျော်နှင့် တရုတ်နိုင်ငံမှ တန်ချိန် ၇၅၀ ကျော် တင်သွင်းခဲ့သည်။အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေ တန်ချိန် ၇၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။                                                                 အိမ့် (DOT)